Quran with Burmese translation - Surah Ash-Shura ayat 8 - الشُّوري - Page - Juz 25
﴿وَلَوۡ شَآءَ ٱللَّهُ لَجَعَلَهُمۡ أُمَّةٗ وَٰحِدَةٗ وَلَٰكِن يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمُونَ مَا لَهُم مِّن وَلِيّٖ وَلَا نَصِيرٍ ﴾
[الشُّوري: 8]
﴿ولو شاء الله لجعلهم أمة واحدة ولكن يدخل من يشاء في رحمته﴾ [الشُّوري: 8]
Ba Sein ၈။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် လူသားအပေါင်းတို့ကို တစ်သင်းတည်းဖြစ်စေတော် မူခဲ့လေလတ့ံ၊ သို့သော်အရှင်မြတ်သည် အလိုတော်ရှိသောသူအား မိမိ၏ ကျေးဇူးမင်္ဂလာတော်အတွင်း သွင်း တော်မူ၏၊ မတရားကျူးလွန်သူများ၌ကား အဆွေခင်ပွန်း(သို့မဟုတ်)ကူညီသူများမရှိချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့အား သာသနာဝင်အုပ်စုတစ်စုတည်းပြုလုပ်တော် မူခဲ့မည်သာ။သို့ရာတွင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားသာလျှင် မိမိကရုဏာတော်သို့ ဝင်ရောက်စေတော်မူ၏။စင်စစ်သော်ကား မတရားကျူးလွန်သူတို့အား ကာကွယ်စောင့်ရှောက် အံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ချေ။ |
Hashim Tin Myint အကယ်၍အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူခဲ့လျှင် အမှန်ပင် သူတို့အား သာသနာဝင်အုပ်စုတစ်ခုတည်း ပြုလုပ်တော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကိုပင် အရှင်မြတ်၏ကရုဏာထဲသို့ဝင်ရောက်စေတော်မူသည်။ ထို့ပြင် မတရားကျူးလွန်သူများကမူ သူတို့အတွက် ကာကွယ်စောင့်ရှောက်မည့်သူ၊ ကူညီမည့်သူ မည်သူမျှရှိတော့မည်မဟုတ်ပေ။ |