×

သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှအပ အခြားအရာ (သက်ရှိသက်မဲ့) တို့အား (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးမည့်) ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူမည် 42:9 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:9) ayat 9 in Burmese

42:9 Surah Ash-Shura ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 9 - الشُّوري - Page - Juz 25

﴿أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَۖ فَٱللَّهُ هُوَ ٱلۡوَلِيُّ وَهُوَ يُحۡيِ ٱلۡمَوۡتَىٰ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[الشُّوري: 9]

သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှအပ အခြားအရာ (သက်ရှိသက်မဲ့) တို့အား (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးမည့်) ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူမည် လော။ အမှန်စင်စစ်မူကား၊ အလ္လာဟ်အရှင်မြတ်သာလျှင် (အရေးကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးစေတော်မူသော) တစ်ဆူတည်းသော ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူမည်။ ထို့ပြင် ထိုအရှင်မြတ် သည်သာလျှင် (အရာခပ်သိမ်းတို့အပေါ် နိယာမစည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍) စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: أم اتخذوا من دونه أولياء فالله هو الولي وهو يحيي الموتى وهو, باللغة البورمية

﴿أم اتخذوا من دونه أولياء فالله هو الولي وهو يحيي الموتى وهو﴾ [الشُّوري: 9]

Ba Sein
၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားစောင့်ရှောက်သူအဆွေခင်ပွန်းများကို မှီခိုဆည်းကပ်ကြသလော၊ အလ္လာဟ်အရှင်မြတ်သာလျှင် စောင့်ရှောက်ကာကွယ်သူမိတ်ဆွေစစ်ဖြစ်တော်မူ၏၊ အရှင်မြတ်သာလျှင် သေသူကို ပြန်ရှင်စေတော်မူ၏၊ အရှင်မြတ်သည် အရာခပ်သိမ်းကို ပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
၎င်းတို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားသူတို့အား ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးသူ များအဖြစ် ရွေးချယ်ပြုလုပ်ထားခဲ့ကြလေသလော။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အားရှင်စေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။
Hashim Tin Myint
အရှင်မြတ်မှ လွဲ၍အခြားသူများအား ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌သောအ‌ဆွေ‌တော်အဖြစ် ‌ရွေးချယ်ပြုလုပ်ခဲ့ကြသ‌လော။ (အမှန်စင်စစ်)အရှင်မြတ်ပင် ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ‌သေသူများအား ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ပြုစွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek