×

ထို့ပြင် ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို အတိုင်းအတာ၊ အချိန်အဆနှင့်ရွာသွန်းစေတော်မူကြောင့် ထိုမိုးရေဖြင့် (သွေ့ခြောက်သွေ့ခန့်ခြောက်၍ သေနေသော မြို့ရွာနယ်မြေဒေသရှိ) မြေသေ၊ မြေရိုင်း 43:11 Burmese translation

Quran infoBurmeseSurah Az-Zukhruf ⮕ (43:11) ayat 11 in Burmese

43:11 Surah Az-Zukhruf ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zukhruf ayat 11 - الزُّخرُف - Page - Juz 25

﴿وَٱلَّذِي نَزَّلَ مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٖ فَأَنشَرۡنَا بِهِۦ بَلۡدَةٗ مَّيۡتٗاۚ كَذَٰلِكَ تُخۡرَجُونَ ﴾
[الزُّخرُف: 11]

ထို့ပြင် ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို အတိုင်းအတာ၊ အချိန်အဆနှင့်ရွာသွန်းစေတော်မူကြောင့် ထိုမိုးရေဖြင့် (သွေ့ခြောက်သွေ့ခန့်ခြောက်၍ သေနေသော မြို့ရွာနယ်မြေဒေသရှိ) မြေသေ၊ မြေရိုင်း များကို ရှင်ပြန်နိုးထစေလျက် စိမ်းလန်းစိုပြေစေတော်မူ၏။ ထိုနည်းအတိုင်းပင် သင်တို့သည်လည်း (သင်တို့၏ သင်္ချိုင်းတွင်းမှ ရှင်ပြန်) ထွက်စေတော်မူခြင်းကို ခံကြရပေမည်။

❮ Previous Next ❯

ترجمة: والذي نـزل من السماء ماء بقدر فأنشرنا به بلدة ميتا كذلك تخرجون, باللغة البورمية

﴿والذي نـزل من السماء ماء بقدر فأنشرنا به بلدة ميتا كذلك تخرجون﴾ [الزُّخرُف: 11]

Ba Sein
၁၁။ အရှင်မြတ်သည် အထက်ကောင်းကင်မှ သင့်လျော်အောင် နှိုင်းဆတိုင်းဆ၍ မိုးရေကို ရွာသွန်းစေတော်မူ၏၊ အေ-ကြားနရသူအပေါင်းတို့၊ ငါသည် ထိုမိုးရေဖြင့် မြေသေကို တဖန်ရှင်စေတော်မူ၏၊ ထိုနည်းတူသင်တို့ကို လည်း ပြန်ရှင်စေတော်မူမည်။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှမိုးရေကို အတိုင်းအတာ အချိန်အဆနှင့် ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ထို အရှင်မြတ်သည် ထိုမိုးရေဖြင့်(သွေ့ခြောက်)သေလွန်ပြီးဖြစ်သော မြို့ရွာ(မြေယာ)များကို ရှင်ပြန်(စိမ်းစို) စေတော်မူခဲ့၏။ ဤနည်းအတိုင်းပင် အသင်တို့သည်လည်း (မိမိတို့သင်္ချိုင်းတွင်းမှ ရှင်ပြန်)ထွက်စေခြင်းကို ခံကြရပေမည်။
Hashim Tin Myint
ထို့ပြင် အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို အတိုင်းအတာအချိန်အဆဖြင့် ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်ပင် ထိုမိုး‌ရေနှင့် (‌ခြောက်‌သွေ့)‌သေ‌နေ‌သောမြို့ရွာ(‌မြေယာ)များကို ရှင်သန်(စိမ်းစို)‌စေ‌တော်မူခဲ့သည်။ ဤသို့ပင် အသင်တို့လည်း(သချုႋင်းထဲမှ ရှင်ပြန်)ထွက်‌စေခြင်းကို ခံကြရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek