×

ထို့ပြင် ရွှေထည် အဆင်တန်ဆာများ (နှင့်အခြား လက်ဝတ်ရတနာများလည်း (ရှိစေတော်မူမည်၊) သို့ရာ တွင် ထိုကဲ့သို့ (ရွှေငွေရတနာ) အလုံးစုံတို့ကို ပိုင်ဆိုင်ထားကြသော်လည်း 43:35 Burmese translation

Quran infoBurmeseSurah Az-Zukhruf ⮕ (43:35) ayat 35 in Burmese

43:35 Surah Az-Zukhruf ayat 35 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zukhruf ayat 35 - الزُّخرُف - Page - Juz 25

﴿وَزُخۡرُفٗاۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَٱلۡأٓخِرَةُ عِندَ رَبِّكَ لِلۡمُتَّقِينَ ﴾
[الزُّخرُف: 35]

ထို့ပြင် ရွှေထည် အဆင်တန်ဆာများ (နှင့်အခြား လက်ဝတ်ရတနာများလည်း (ရှိစေတော်မူမည်၊) သို့ရာ တွင် ထိုကဲ့သို့ (ရွှေငွေရတနာ) အလုံးစုံတို့ကို ပိုင်ဆိုင်ထားကြသော်လည်း (ယင်းတို့အားလုံးသည်) လောကီဘဝသက်တမ်း၏အကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်ဆိုင်ရာအသုံးအဆောင်မျှသာ ဖြစ်ကြ၏။ အမှန်စင်စစ်၊ တမလွန်ဘဝ (၏အကျိုးခံစားခွင့်ဟူသမျှ) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အမြင်တော်၌ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက် နာကျင့်သုံးကြသော) သူတော်စင်တို့အတွက်သာလျှင် ဖြစ်ပေ၏။

❮ Previous Next ❯

ترجمة: وزخرفا وإن كل ذلك لما متاع الحياة الدنيا والآخرة عند ربك للمتقين, باللغة البورمية

﴿وزخرفا وإن كل ذلك لما متاع الحياة الدنيا والآخرة عند ربك للمتقين﴾ [الزُّخرُف: 35]

Ba Sein
၃၅။ သူတို့၏ ဆင်ယင်တန်ဆာနှင့် အိမ်ထောင်ပရိဘောဂများကိုလည်း ရွှေအတိဖြစ်စေတော်မူခဲ့လတ့ံ၊ သို့သော် ဤအဖိုးထိုက်တန်သောအရာဝထ္ထုအပေါင်းတို့သည် လောကီအသက်တခဏအတွက်သာဖြစ်လေ၏၊ အေ-တမန် တော်၊ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ မျက်မှောက်ရှိ နောင်ဘဝမှာမူကား အကုသိုလ်မှုကို ရှောင်သော သူတော်ကောင်းတို့အဖို့သာ ဖြစ်၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး (ယင်းပစ္စည်းများကို) ရွှေဖြင့်လည်း(ပြုလုပ်၍ပေးတော်မူခဲ့ပေမည်၊) သို့ရာတွင် ထို(ပစ္စည်း) အလုံးစုံတို့မှာ မျက်မှောက်လောကီဘဝ၏ အသုံးအဆောင်မျှသာလျှင် ဖြစ်ကုန်၏။ အမှန်စင်စစ်သော်ကား "အာခိရတ်" တမလွန်ဘဝမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သူတော်စင်တို့အဖို့သာလျှင် ဖြစ်ပေသတည်း။
Hashim Tin Myint
ထို့ပြင် (ထိုပစ္စည်းများကို) ‌ရွှေနှင့်လည်း (ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)။ သို့ရာတွင် ဤအရာများသည် ဤဘဝ၏ အသုံးအ‌ဆောင်များပင်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝကမူ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများအတွက်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek