Quran with Burmese translation - Surah Az-Zukhruf ayat 51 - الزُّخرُف - Page - Juz 25
﴿وَنَادَىٰ فِرۡعَوۡنُ فِي قَوۡمِهِۦ قَالَ يَٰقَوۡمِ أَلَيۡسَ لِي مُلۡكُ مِصۡرَ وَهَٰذِهِ ٱلۡأَنۡهَٰرُ تَجۡرِي مِن تَحۡتِيٓۚ أَفَلَا تُبۡصِرُونَ ﴾
[الزُّخرُف: 51]
﴿ونادى فرعون في قومه قال ياقوم أليس لي ملك مصر وهذه الأنهار﴾ [الزُّخرُف: 51]
Ba Sein ၅၁။ ထို့အပြင်ဖွာရောမင်းသည် မိမိ၏အသင်းသားများကို ကြီးသောအသံဖြင့် ဤသို့ပြောဆို၏၊ အို-ငါ၏ အသင်းသား အပေါင်းတို့၊ အီဂျစ်နိုင်ငံတော်တဝှမ်းလုံးနှင့်တကွ ငါစံနေရာဘုံနန်းပြဿဒ်အောက်တွင် အယဉ်ထွေထွေစီးဆင်း လျက်နေသောဤမြစ်များကို ငါဘုရင်စိုးပိုင်တော်မူသည်မဟုတ်လော၊ ငါ၏ ဘုန်းလက်ရုံးတန်ခိုးအာဏာတော်ကို သင်တို့ဒိဌထင်ထင်မမြင်ကြသလော။ |
Ghazi Mohammad Hashim ၎င်းပြင် ဖစ်ရ်အောင်န်သည် မိမိအမျိုးသားတို့တွင် ကြေညာခဲ့၏။ ၎င်းက (ဤသို့)ပြောဆို(ကြေညာ)ခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့ အီဂျစ်နိုင်ငံကို ငါသာလျှင် စိုးမိုးအုပ်ချုပ်သည်မဟုတ်ပါလော၊ ထိုမှတစ်ပါး ဤသည့် ရေချောင်းတို့မှာ ငါ၏(ဘုံနန်း) အောက်မှ စီးတွေလျက် ရှိကြသည် (မဟုတ်လော)။ သို့ပါလျက် အသင်တို့သည် (ဤသည့် ဘုန်းတန်ခိုးများကို) မမြင်ကြလေသလော။ |
Hashim Tin Myint ထို့ပြင် ဖိရ်အောင်န်သည် သူ၏အမျိုးသားများကို ကြေညာခဲ့သည်။ သူကပြောသည်-အို-ငါ၏အမျိုးသားတို့၊ အီဂျစ်နိုင်ငံအား ငါပင်စိုးမိုးအုပ်ချုပ်သည်မဟုတ်လော၊ ထို့ပြင် ဤစမ်းရေချောင်းများသည်ငါ၏ (နန်းတော်)အောက်မှ စီးဆင်းနေကြသည်(မဟုတ်လော)။ သို့ဖြစ်ပါလျက် အသင်တို့သည်(ဤဘုန်းတန်ခိုးများကို) မမြင်ကြသလော။ |