×

ထို့ပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ်ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို သင်တို့အတွက် အရှင့်ထံတော်မှ (လက်ဆောင်တော်အဖြစ်) သင်၏ဩဇာခံ၊ အသုံးခံများ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ 45:13 Burmese translation

Quran infoBurmeseSurah Al-Jathiyah ⮕ (45:13) ayat 13 in Burmese

45:13 Surah Al-Jathiyah ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Al-Jathiyah ayat 13 - الجاثِية - Page - Juz 25

﴿وَسَخَّرَ لَكُم مَّا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ جَمِيعٗا مِّنۡهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ ﴾
[الجاثِية: 13]

ထို့ပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ်ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို သင်တို့အတွက် အရှင့်ထံတော်မှ (လက်ဆောင်တော်အဖြစ်) သင်၏ဩဇာခံ၊ အသုံးခံများ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ၊ ထိုသို့ဖြစ်စေတော်မူခြင်း၌ စဉ်းစားဆင်ခြင်တွေးခေါ်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များသည် ရှိနေ၏။

❮ Previous Next ❯

ترجمة: وسخر لكم ما في السموات وما في الأرض جميعا منه إن في, باللغة البورمية

﴿وسخر لكم ما في السموات وما في الأرض جميعا منه إن في﴾ [الجاثِية: 13]

Ba Sein
၁၃။ အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ် ရှိသမျှအရာခပ်သိမ်းတို့ကို သင်တို့အကျိုးရှိဖို့ရာ စီမံ ပြုပြင်ထားတော်မူ၏၊ ဤအရာများသည် အရှင်မြတ်အထံတော်မှ ဖြစ်၏၊ မှတ်သားကြလော့၊ ယင်းအချက်များ တွင် စဉ်းစားဆင်ခြင်တတ်သူတို့အဖို့အရာ သက်သေသာဓကတော်များပါရှိ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်သက်သေ လက္ခဏာများသည် ရှိကုန်၏။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့်၊ ‌မြေပထဝီတွင်ရှိသမျှအားလုံးကို အရှင်မြတ်ဘက်မှ အသင်တို့၏ လက်‌အောက်ခံဖြစ်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek