×

ထို့ပြင် ညနှင့်နေ့တို့ကို ပြောင်းလဲစေတော်မူခြင်း၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ရိက္ခာအထောက်အပံ့ (ဖြစ်စေမည့် မိုးရေ) ကို ကောင်းကင်ယံမှ ချပေးရွာသွန်းစေတော်မူသောကြောင့် (ခြောက်သွေ့ ခန့်ခြောက်၍) 45:5 Burmese translation

Quran infoBurmeseSurah Al-Jathiyah ⮕ (45:5) ayat 5 in Burmese

45:5 Surah Al-Jathiyah ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah Al-Jathiyah ayat 5 - الجاثِية - Page - Juz 25

﴿وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن رِّزۡقٖ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَتَصۡرِيفِ ٱلرِّيَٰحِ ءَايَٰتٞ لِّقَوۡمٖ يَعۡقِلُونَ ﴾
[الجاثِية: 5]

ထို့ပြင် ညနှင့်နေ့တို့ကို ပြောင်းလဲစေတော်မူခြင်း၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ရိက္ခာအထောက်အပံ့ (ဖြစ်စေမည့် မိုးရေ) ကို ကောင်းကင်ယံမှ ချပေးရွာသွန်းစေတော်မူသောကြောင့် (ခြောက်သွေ့ ခန့်ခြောက်၍) မြေသေမြေရိုင်းဖြစ်ပြီးသော မြေကမ္ဘာ (၏ သေနေသည့် ထိုနယ်မြေဒေသများ) အား ပြန်လည်ရှင်သန်၍ စိမ်းလန်းစိုပြေစေတော်မူခြင်း၌လည်းကောင်း၊ (လေပြေလေညင်း၊ လေစိမ်း၊ လေအေးနှင့်မိုးသတင်းဆောင်သည့်) လိုအပ်သည့်အတိုင်း ပြောင်းလဲတိုက်ခတ်စေတော်မူခြင်း၌လည်းကောင်း၊ ဆင်ခြင်တုံတရားသုံး၍ တွေးခေါ်ဆင်ခြင်နားလည်နိုင်သောလူမျိုးတို့အတွက် အာယသ်သက်သေလက္ခဏာတော်များသည် ရှိနေ၏။

❮ Previous Next ❯

ترجمة: واختلاف الليل والنهار وما أنـزل الله من السماء من رزق فأحيا به, باللغة البورمية

﴿واختلاف الليل والنهار وما أنـزل الله من السماء من رزق فأحيا به﴾ [الجاثِية: 5]

Ba Sein
၅။ နေ့နှင့်ညဉ့်ကို အလှည့်ကျလဲလှယ်တော်မူခြင်း၊ မိုးကောင်းကင်မှ ရိက္ခာချပေးသနားတော်မူခြင်း၊ မြေသေ မြေဟောင်းတို့ကို ထိုမိုးရေဖြင့် တဖန်ပြန်ရှင်တော်မူခြင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်းများသည် အမျှော်အမြင်စဉ်းစားဉာာဏ်ရှိသူတို့အဖို့အရာ သက်သေသာဓကတော်များဖြစ်ကြ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ညဉ့်နှင့်နေ့တို့ကို ပြောင်းလဲခြင်း၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်မှ (မိုးရေကိုရွာသွန်းစေတော်မူ၍) စားနပ်ရိက္ခာကို ချပေးတော်မူခြင်း၊တဖန် ယင်းမိုးရေဖြင့် ပထဝီမြေကိုသွေ့ခြောက် သေလွန်ပြီးနောက် ရှင်ပြန်(စိမ်းလန်း)စေတော်မူခြင်း၌လည်းကောင်း၊ လေများကို (ဒိသာအရာခပ်သိမ်းသို့) ပြောင်းလဲတိုက်ခတ်စေခြင်း၌ လည်းကောင်း၊ သိနားလည်ကြသောသူတို့အဖို့ သက်သေလက္ခဏာများသည် ရှိကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် ညနှင့်‌နေ့တို့အား ‌ပြောင်းလဲခြင်း၊ အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကင်မှ (မိုးရွာ‌စေပြီး)စားနပ်ရိက္ခာကို ချ‌ပေး‌တော်မူခြင်း၊ ထိုမိုး‌ရေနှင့် ‌မြေပထဝီကို ‌ခြောက်‌သွေ့‌သေပြီး‌နောက် ရှင်သန်(စိမ်းလန်း)‌စေ‌တော်မူခြင်း၊ ‌လေများအား(ဦးတည်ရာများကို)‌ပြောင်းလဲတိုက်ခတ်‌စေခြင်းများထဲတွင် သိနားလည်ကြသူများအတွက် သက်‌သေလက္ခဏာများရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek