Quran with Burmese translation - Surah Al-Ahqaf ayat 26 - الأحقَاف - Page - Juz 26
﴿وَلَقَدۡ مَكَّنَّٰهُمۡ فِيمَآ إِن مَّكَّنَّٰكُمۡ فِيهِ وَجَعَلۡنَا لَهُمۡ سَمۡعٗا وَأَبۡصَٰرٗا وَأَفۡـِٔدَةٗ فَمَآ أَغۡنَىٰ عَنۡهُمۡ سَمۡعُهُمۡ وَلَآ أَبۡصَٰرُهُمۡ وَلَآ أَفۡـِٔدَتُهُم مِّن شَيۡءٍ إِذۡ كَانُواْ يَجۡحَدُونَ بِـَٔايَٰتِ ٱللَّهِ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴾
[الأحقَاف: 26]
﴿ولقد مكناهم فيما إن مكناكم فيه وجعلنا لهم سمعا وأبصارا وأفئدة فما﴾ [الأحقَاف: 26]
Ba Sein ၂၆။ အေ-ကိုရိုက်ရှ်လူအပေါင်းတို့၊ ငါသည် ထိုအားဒ်လူမျိုးတို့ကို သင်တို့အား ပေးတော်မမူသောစည်းစိမ်ချမ်းသာ ဥစ္စာရတနာအင်အားတို့ကို ပေးသနားတော်မူခဲ့၏၊ ထို့အပြင်၎င်းတို့အဖို့အရာ နား၊ နှာ၊ မျက်စိစသည်တို့ကို လည်း ဖန်ဆင်းတော်မူ၏၊ သို့သော်သူတို့သည် ငါအရှင်မြတ်၏ တရားတော်ကို ပယ်ရှားသောကြောင့် သူတို့၏ နား၊ နှာ၊ မျက်စိ၊ စိတ်နှလုံး၊ ဉာာဏ်ပညာတို့သည် ထိုသူတို့ကို တစ်စုံတစ်ရာအကျိုးမပေးချေ၊ သူတို့အား ၎င်းတို့ပျက်ရယ်သောအရာများကျရောက်ဖျက်ဆီးကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော ဆောင်ရွက်နိုင်ရန် စွမ်းရည်သတ္တိကိုပင် ၎င်းတို့အား ပေးတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကိုလည်း ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ထိုသူတို့၏ နားများသည် ထိုသူတို့အဖို့ လုံးဝအသုံးဝင်ခဲ့သည် မဟုတ်ပေ။ထိုနည်းတူစွာ ထိုသူတို့၏ မျက်စိများလည်း အသုံးမဝင်ခဲ့ပေ။ထိုသူတို့၏ စိတ်နှလုံးများလည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့်ပင်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်လျက် ရှိခဲ့ကြသော ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော စွမ်းရည်သတ္တိကိုပင် သူတို့အားပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကို ပေးသနားတော်မူခဲ့သည်။ ထို့နောက်လည်း သူတို့၏ နားများ၊ သူတို့၏ မျက်စိများနှင့် သူတို့၏စိတ်နှလုံးများသည် မည်သည့်အရာမျှ အသုံးမဝင်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို ငြင်းပယ်နေခဲ့ကြသောကြောင့်ဖြစ်သည်။ ထို့ပြင် သူတို့ ပြောင်လှောင်နေခဲ့ကြသောပြစ်ဒဏ်သည် သူတို့အား ဝန်းရံခဲ့သည်။ |