Quran with Burmese translation - Surah Al-Ahqaf ayat 27 - الأحقَاف - Page - Juz 26
﴿وَلَقَدۡ أَهۡلَكۡنَا مَا حَوۡلَكُم مِّنَ ٱلۡقُرَىٰ وَصَرَّفۡنَا ٱلۡأٓيَٰتِ لَعَلَّهُمۡ يَرۡجِعُونَ ﴾
[الأحقَاف: 27]
﴿ولقد أهلكنا ما حولكم من القرى وصرفنا الآيات لعلهم يرجعون﴾ [الأحقَاف: 27]
Ba Sein ၂၇။ ရှေးလွန်လေပြီးသောအခါက ငါသည် သင်တို့နေထိုင်ရာအရပ်ဒေသပတ်ဝန်းကျင်တွင် နေထိုင်သောလူမျိုးများ ကို ဖျက်ဆီးတော်မူခဲ့လေပြီ၊ ထိုသူတို့သည် ငါ့ဘက်တော်သို့ လှည့်လာစိမ့်သောငှာ ငါသည် သူတို့အား တရားတော်ကို နည်းအမျိုးမျိုးအဖုံဖုံတန်ဆာဆင်၍ ပြသတော်မူခဲ့လေပြီ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့(တွဲဖက် ကိုးကွယ်မှုကိုစွန့် ၍) ပြန်လှည့်ကြအံ့သောငှာ (မိမိ၏)သက်သေ လက္ခဏာတော်များကို အမျိုးမျိုး ပြောင်းလဲမိန့်ကြား ပြသတော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်တွင်ရှိခဲ့သော မြို့ရွာများကို ဖျက်ဆီးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့(၏တွဲဖက်ကိုးကွယ်မှုများကိုစွန့်ပြီး)ပြန်လှည့်လာကြရန်အတွက် သက်သေလက္ခဏာများကို အမျိုးမျိုးပြောင်းလဲမိန့်ကြားပြသတော်မူခဲ့သည်။ |