Quran with Burmese translation - Surah Al-Ahqaf ayat 25 - الأحقَاف - Page - Juz 26
﴿تُدَمِّرُ كُلَّ شَيۡءِۭ بِأَمۡرِ رَبِّهَا فَأَصۡبَحُواْ لَا يُرَىٰٓ إِلَّا مَسَٰكِنُهُمۡۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ ﴾
[الأحقَاف: 25]
﴿تدمر كل شيء بأمر ربها فأصبحوا لا يرى إلا مساكنهم كذلك نجزي﴾ [الأحقَاف: 25]
Ba Sein ၂၅။ ထိုလေသည် မိမိ၏အရှင်သခင်၏ အမိန့်တော်အတိုင်း ခပ်သိမ်းကုန်သောအရာဝထ္ထုတို့ကို တိုက်ခတ်ဖျက်ဆီး၏၊ ထို့နောက်နံနက်ကျရောက်သောအခါ သူတို့နှင့်တကွ ဘာကိုမျှမမြင်ရချေ၊ သို့သော်သူတို့၏ တိုက်ပျက်အိမ်ပျက် များကိုသာ မြင်ရ၏၊ ယင်းကဲ့သို့ငါသည် ဒုစရိုက်ကောင်များကို ဆုလာဘ်ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။ |
Hashim Tin Myint ထိုလေသည် သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် အရာအားလုံးကို ဖျက်ဆီးသည်။ ထို့ပြင် သူတို့အိမ်များမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်ရသည့်အဖြစ်သို့ ရောက်သွားခဲ့ကြသည်။ ငါအရှင်မြတ်သည် အပြစ်ရှိသူများကို ဤသို့ပင် အစားပေးတော်မူသည်။ |