×

ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူခဲ့သမျှ (အမိန့်တော် ပညတ်ချက်များ) ကို မုန်းတီးငြင်းပယ်ကြသောသူတို့အား “ဧကန်ပင်၊ ကျွန်ုပ်တို့သည် အချို့သော အရေးကိစ္စများ၌ 47:26 Burmese translation

Quran infoBurmeseSurah Muhammad ⮕ (47:26) ayat 26 in Burmese

47:26 Surah Muhammad ayat 26 in Burmese (البورمية)

Quran with Burmese translation - Surah Muhammad ayat 26 - مُحمد - Page - Juz 26

﴿ذَٰلِكَ بِأَنَّهُمۡ قَالُواْ لِلَّذِينَ كَرِهُواْ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمۡ فِي بَعۡضِ ٱلۡأَمۡرِۖ وَٱللَّهُ يَعۡلَمُ إِسۡرَارَهُمۡ ﴾
[مُحمد: 26]

ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူခဲ့သမျှ (အမိန့်တော် ပညတ်ချက်များ) ကို မုန်းတီးငြင်းပယ်ကြသောသူတို့အား “ဧကန်ပင်၊ ကျွန်ုပ်တို့သည် အချို့သော အရေးကိစ္စများ၌ သင်တို့၏စကားကို နာခံလိုက်နာကြမည်။” ဟု ပြောဆိုခဲ့ကြသောကြောင့်ပင် ဖြစ်၏။ စစ်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်အလုံးစုံကို ကောင်းစွာ သိနေတော်မူ၏။

❮ Previous Next ❯

ترجمة: ذلك بأنهم قالوا للذين كرهوا ما نـزل الله سنطيعكم في بعض الأمر, باللغة البورمية

﴿ذلك بأنهم قالوا للذين كرهوا ما نـزل الله سنطيعكم في بعض الأمر﴾ [مُحمد: 26]

Ba Sein
၂၆။ ဤသို့ဖြစ်ရခြင်းအကြောင်းမူကား သူတို့သည် အလ္လာဟ်အရှင်မြတ်ချပေးတော်မူသောတရားတော်ကို မနှစ်သက် မုန်းတီးသူတို့အား ကိစ္စအချို့အဝက်တွင် ငါတို့သည် သင်တို့စကားကို နားထောင်မည်ဟု ဆိုကြသောကြောင့် ဖြစ်၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ပြောဆိုခြင်းကို အကြွင်းမဲ့သိတော်မူ၏။
Ghazi Mohammad Hashim
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူခဲ့သော အမိန့်တော်များကို စက်ဆုပ်ကြသောသူတို့အား ဧကန်အမှန် ကျွန်ုပ်တို့သည် အချို့သောအရေးကိစ္စများ၌ အသင်တို့၏စကားကို လိုက်နာကြမည်ဟု ပြောဆိုခဲ့ကြသောကြောင့်ပင်။ စစ်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်စွာပြောဆိုမှုကို ကောင်းစွာသိရှိတော်မူ၏။
Hashim Tin Myint
ထိုသို့ဖြစ်ရခြင်းမှာမူ သူတို့သည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော အမိန့်‌တော်များကို မနှစ်မြို့ကြသည့်သူများအား အမှန်ပင် ကျွန်ုပ်တို့သည် အချို့ကိစ္စများတွင် မကြာမီ အသင်တို့၏ စကားကိုလိုက်နာကြမည်ဟု ‌ပြောဆိုခဲ့ကြသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ချက်ကို သိရှိ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek