Quran with Burmese translation - Surah Muhammad ayat 4 - مُحمد - Page - Juz 26
﴿فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ فَضَرۡبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثۡخَنتُمُوهُمۡ فَشُدُّواْ ٱلۡوَثَاقَ فَإِمَّا مَنَّۢا بَعۡدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلۡحَرۡبُ أَوۡزَارَهَاۚ ذَٰلِكَۖ وَلَوۡ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنۡهُمۡ وَلَٰكِن لِّيَبۡلُوَاْ بَعۡضَكُم بِبَعۡضٖۗ وَٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعۡمَٰلَهُمۡ ﴾
[مُحمد: 4]
﴿فإذا لقيتم الذين كفروا فضرب الرقاب حتى إذا أثخنتموهم فشدوا الوثاق فإما﴾ [مُحمد: 4]
Ba Sein ၄။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိစ္ဆာဒိဋ္ဌိတို့ကို စစ်မြေပြင်၌ တွေ့သောအခါ သူတို့၏လည်ကိုခုတ်ပိုင်း သတ်ဖြတ်ကြလော့၊ ထို့နောက်သူတို့ကို ဖရိုဖရဲပြေးစေပြီးသောအခါ ကြွင်းကျန်ရစ်သောသူတို့ကို ကောင်းစွာ ချုပ်နှောင်ထားကြလော့၊ စစ်ပြီးမှသာလျှင် သူတို့ကို လျှော်ကြေးယူ၍သော်လည်းကောင်း၊ မယူပဲ သနား၍သော် လည်းကောင်း၊ လွှတ်နိုင်ကြ၏၊ ဤညွှန်ကြားချက်သည် ပညတ်တော်တည်း၊ အလ္လာဟ်အရှင်မြတ်အလိုတော် ရှိပါလျှင် အရှင်မြတ်သည် သူတို့ကို မုချဧကန်အပြစ်ဒဏ်ပေးနိုင်စွမ်းတော်မူ၏၊ သို့သော် သင်တို့အား စစ်မက် တိုက်ခိုက်ရန် ပညတ်တော်မူခြင်းအကြောင်းရင်းကား သင်တို့အနက် အချို့သောသူတို့ကို အချို့သောသူတို့အား ဖြင့် စုံစမ်းတော်မူဖို့ရာဖြစ်၏၊ အကြင်သူတို့သည် အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံရကြအ့ံ၊ အရှင် မြတ်သည် သူတို့၏စွန့်စားမှုကို ဆုံးရှုံးစေတော်မူသည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား ကောင်းစွာ သတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ ထို့နောက် တစ်ဖန် (အသင်တို့သည်)ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို)သော်လည်းကောင်း၊ လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊ (ပြုနိုင်ခွင့်ရှိ၏၊) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်တိုင်အောင် (၎င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည်) ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(စစ်မက် တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်း ပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၎င်းတို့အား လက်စားချေ အပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ (စစ်တိုက်ရန် အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်း အချည်းနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့နောက် အသင်တို့သည် ကာဖိရ်များနှင့် ရင်ဆိုင်တွေ့ကြသည့်အခါ လည်ကုပ်များကို ခုတ်ဖြတ်ကြပါ။ နောက်ဆုံးတွင် အသင်တို့သည် သူတို့အား ကောင်းစွာသတ်ဖြတ်ခဲ့ကြပြီးသည့်အခါ သုံ့ပန်းများကို ကြိုးများနှင့်သေချာတုပ်နှောင်ကြပါ။ ထို့နောက် (အသင်တို့သည်) ကျေးဇူးပြုသည့်အနေနှင့် (လျော်ကြေးမယူဘဲ)ပြန်လွှတ်သည်ပင်ဖြစ်စေ၊ လျော်ကြေးယူ၍ (ပြန်လွှတ်သည်)ပင်ဖြစ်စေ (ပြုပိုင်ခွင့်ရှိသည်)။ စစ်မက် တိုက်ခိုက်မှုသည် လက်နက်ချသည်အထိ (သူတို့နှင့် ပတ်သက်သော အမိန့်တော်သည်)ဤအတိုင်းပင်ဖြစ်သည်။ ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် (စစ်တိုက်ရန် အမိန့်မထုတ်ဘဲ အရှင်မြတ်ကိုယ်တော်တိုင်) သူတို့အား တန်ပြန်အပြစ်ပေးတော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် အသင်တို့ထဲမှ အချို့ကိုအချို့နှင့် စမ်းသပ်တော်မူရန်အတွက် (စစ်တိုက်အမိန့်ကို ထုတ်ပြန်တော်မူခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သတ်ဖြတ်ခြင်းခံခဲ့ကြရသည့်သူများ၏လုပ်ရပ်များကို အရှင်မြတ်သည် မည်သည့်အခါမှ အလဟဿ ဖြစ်စေတော်မူမည်မဟုတ်ပေ။ |