×

ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့က “ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် 49:14 Burmese translation

Quran infoBurmeseSurah Al-hujurat ⮕ (49:14) ayat 14 in Burmese

49:14 Surah Al-hujurat ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah Al-hujurat ayat 14 - الحُجُرَات - Page - Juz 26

﴿۞ قَالَتِ ٱلۡأَعۡرَابُ ءَامَنَّاۖ قُل لَّمۡ تُؤۡمِنُواْ وَلَٰكِن قُولُوٓاْ أَسۡلَمۡنَا وَلَمَّا يَدۡخُلِ ٱلۡإِيمَٰنُ فِي قُلُوبِكُمۡۖ وَإِن تُطِيعُواْ ٱللَّهَ وَرَسُولَهُۥ لَا يَلِتۡكُم مِّنۡ أَعۡمَٰلِكُمۡ شَيۡـًٔاۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ﴾
[الحُجُرَات: 14]

ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့က “ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် (သက်ဝင်ယုံကြည်ကြ ပြီဟု ပြောဆိုရုံသက်သက်ဖြင့်) ယုံကြည်ကြခြင်း (ပြီးဆုံးသည်) မဟုတ်ပေ။ သို့ရာတွင် “ကျွန်ုပ်တို့သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍) အမိန့်နာခံကြပါပြီ။” ဟု ပြောဆိုကြလော့။ အမှန်စင်စစ် ယုံကြည်မှုသည် သင်တို့၏စိတ်နှလုံးများထဲသို့ မဝင်ရောက်သေးပေ။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်၏အမိန့်တော် (သွန်သင်ချက်) နာခံလိုက်နာကြလျှင် ထိုအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစ်စုံတစ်ရာကိုမျှ (အကျိုးဆုလဒ်မပေးဘဲ သင်တို့၏ခံစားခွင့်ရပိုင်ခွင့်များအား) လျော့နည်းနစ်နာစေတော်မူမည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ် ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قالت الأعراب آمنا قل لم تؤمنوا ولكن قولوا أسلمنا ولما يدخل الإيمان, باللغة البورمية

﴿قالت الأعراب آمنا قل لم تؤمنوا ولكن قولوا أسلمنا ولما يدخل الإيمان﴾ [الحُجُرَات: 14]

Ba Sein
၁၄။ ကျေးတောသားအာရဗ်လူမျိုးတို့က အကျွနု်တို့သည် ယုံကြည်ပါ၏ဟု ဆိုကြ၏၊ အေ-တမန်တော်မိုဟမ္မဒ်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် မယုံကြည်ကြသေး၊ အကျွနု်ပ်တို့သည် အရှင်မြတ်၏ အမိန့် တော်ကို နာယူပါပြီဟုသာ ဆိုကြလော့၊ အကြောင်းမူကား သင်တို့၏စိတ်နှလုံးအတွင်းသို့ ယုံကြည်ခြင်းတရား မဝင်ရောက်သေးချေ၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို နာခံကြလျှင် သင်တို့ ပြုကျင့်သမျှကုသိုလ်ကောင်းမှု၏ အကျိုးများကို အနည်းငယ်မျှပင် လျှော့ပေါ့တော်မူမည်မဟုတ်ချေ။
Ghazi Mohammad Hashim
ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
အရဗ်‌ကျေး‌တောသားများက “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ကြပြီဖြစ်ပါသည်” ဟု‌ပြောဆိုကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် (အမှန်စင်စစ်)ယုံကြည်ကြ‌သေးသည်မဟုတ်‌ပေ။ သို့ရာတွင် အသင်တို့သည်“ကျွန်ုပ်တို့ အမိန့်နာခံကြပြီဖြစ်ပါသည်” ဟုပင်‌ပြောဆိုကြပါဦး။ ထို့ပြင် အီမာန်ယုံကြည်မှုသည် အသင်တို့၏ စိတ်နှလုံးများထဲတွင် ယခုအချိန်ထိမဝင်‌သေး‌ပေ။ ###၁၃ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာကြလျှင် အရှင်မြတ်သည် အသင်တို့၏လုပ်ရပ်များထဲမှ မည်သည့်အရာမျှ ‌လျော့နည်း‌စေ‌တော်မူမည်မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek