×

(စစ်မှန်သော) သက်ဝင်ယုံကြည်သူဟူသည် အလ္လာဟ်အရှင်မြတ် (သည်သာ တစ်ဆူတည်း လောကခပ်သိမ်းအချုပ်အခြာအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်ကြောင်း) နှင့်အရှင့်သတင်း ဆောင်ရစူလ်တမန်တော်မြတ်အား (ရိုးသားဖြောင့်မတ်၍ ဖြူစင်စွာ) ယုံကြည်ကြပြီးနောက် 49:15 Burmese translation

Quran infoBurmeseSurah Al-hujurat ⮕ (49:15) ayat 15 in Burmese

49:15 Surah Al-hujurat ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Al-hujurat ayat 15 - الحُجُرَات - Page - Juz 26

﴿إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ ثُمَّ لَمۡ يَرۡتَابُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِۚ أُوْلَٰٓئِكَ هُمُ ٱلصَّٰدِقُونَ ﴾
[الحُجُرَات: 15]

(စစ်မှန်သော) သက်ဝင်ယုံကြည်သူဟူသည် အလ္လာဟ်အရှင်မြတ် (သည်သာ တစ်ဆူတည်း လောကခပ်သိမ်းအချုပ်အခြာအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်ကြောင်း) နှင့်အရှင့်သတင်း ဆောင်ရစူလ်တမန်တော်မြတ်အား (ရိုးသားဖြောင့်မတ်၍ ဖြူစင်စွာ) ယုံကြည်ကြပြီးနောက် (မည်သည့် အမိန့်တော်နှင့်သွန်သင် ချက်ကိုမျှ) မည်သည့်အခါမျှ သံသယ မဖြစ်ကြသည့်အပြင် သူတို့၏ဥစ္စာဓနပိုင် ဆိုင်မှုများနှင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှား ဆောင်ရွက်ကြသူများသာလျှင် ဖြစ်ကြ၏။ ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများ ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: إنما المؤمنون الذين آمنوا بالله ورسوله ثم لم يرتابوا وجاهدوا بأموالهم وأنفسهم, باللغة البورمية

﴿إنما المؤمنون الذين آمنوا بالله ورسوله ثم لم يرتابوا وجاهدوا بأموالهم وأنفسهم﴾ [الحُجُرَات: 15]

Ba Sein
၁၅။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ အရှင်မြတ်၏ တမန်တော်ကိုသော်လည်းကောင်း၊ ယုံကြည်ကြ၏၊ ထို့နောက်သံသယမရှိ၊ အရှင်မြတ်၏ သာသနာအရေးတော်အတွက် မိမိအသက်၊ စည်းစိမ်ဥစ္စာ အားဖြင့် အားထုတ်ကြိုးစားကြ၏၊ ထိုသူသာလျှင် ယုံကြည်သူအစစ်ဖြစ်ကြ၏၊ ဤသူများသာလျှင် သစ္စာရှိသူများ ဖြစ်ကြ၏။
Ghazi Mohammad Hashim
ကြင်သူတို့သည်သာလျှင်(ပြည့်ဝစုံလင်သော)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည်။ ပြီးနောက် ၎င်းတို့သည် သံသယ ဖြစ်ခဲ့ကြသည် မရှိချေ။ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏ပစ္စည်းဥစ္စာများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကုန်၏။ ထိုသူတို့သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
Hashim Tin Myint
အကြင်သူများပင် အီမာန်ယုံကြည်သူများဖြစ်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို (စိတ်ထဲမှလည်း)ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သံသယမဖြစ်ခဲ့ကြ‌ပေ။ ထို့ပြင် သူတို့သည် သူတို့၏ပစ္စည်းဥစ္စာများနှင့် အသက်ဝိညာဉ်များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် သက်စွန့်ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြသည်။ ထိုသူများပင် မှန်ကန်သူများဖြစ်ကြသည်။ ###၁၄
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek