Quran with Burmese translation - Surah Al-hujurat ayat 9 - الحُجُرَات - Page - Juz 26
﴿وَإِن طَآئِفَتَانِ مِنَ ٱلۡمُؤۡمِنِينَ ٱقۡتَتَلُواْ فَأَصۡلِحُواْ بَيۡنَهُمَاۖ فَإِنۢ بَغَتۡ إِحۡدَىٰهُمَا عَلَى ٱلۡأُخۡرَىٰ فَقَٰتِلُواْ ٱلَّتِي تَبۡغِي حَتَّىٰ تَفِيٓءَ إِلَىٰٓ أَمۡرِ ٱللَّهِۚ فَإِن فَآءَتۡ فَأَصۡلِحُواْ بَيۡنَهُمَا بِٱلۡعَدۡلِ وَأَقۡسِطُوٓاْۖ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ ﴾
[الحُجُرَات: 9]
﴿وإن طائفتان من المؤمنين اقتتلوا فأصلحوا بينهما فإن بغت إحداهما على الأخرى﴾ [الحُجُرَات: 9]
Ba Sein ၉။ အကယ်၍ယုံကြည်သူတို့သည် တသင်းနှင့်တသင်းရန်စစ်ဖြစ်ပွားသည်ရှိသော် သူတို့၏ရန်ကို ဖြန်ဖြေ၍ ငြိမ်းစေ ကြလော့၊ သို့ဖြန်ဖြေရာကို မယူမနာတသင်းကို တသင်းအနိုင်အထက်ကျူးလွန်စော်ကားခဲ့သော် သင်တို့အားလုံး သည် ထိုကျူးလွန်စော်ကားသောအသင်းသားတို့ကို အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ လှည့်လာသည့်တိုင် အောင် ဝိုင်းဝန်းတိုက်ခိုက်ဆုံးမကြလော့၊ ယင်းကဲ့သို့ဆုံးမနှိပ်ကွပ်ကြရာ အလ္လာဟ်အရှင်မြတ်၏ အာဏာစက် အောက်သို့ ဝင်ရောက်တုံ့လှည့်လာပါလျှင်၊ ထိုနှစ်သင်းတို့အလည်ကြားစည်းအချိန်အလား မှန်ကန်စွာဖြန်ဖြေ ဆုံးဖြတ်ကြလော့၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့်ဆုံးဖြတ်ပြုကျင့်သူတို့ကို မုချဧကန်မြတ်နိုး တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ် စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စုအပေါ်၌ မတရားကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက် ရှိသောအုပ်စုကို ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏အကြား၌ တရားသဖြင့် စေ့စပ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့ သည်တရားမျှတစွာ ဆောင်ရွက်ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်မြတ်နိုးတော်မူ၏။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အီမာန်ယုံကြည်သူများထဲမှ အုပ်စုနှစ်စုသည် အချင်းချင်းစစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ထိုအုပ်စုနှစ်စုကြား၌ စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြပါ။ ထို့နောက် အကယ်၍ ထိုအုပ်စုနှစ်စုထဲမှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကိုလက်မခံဘဲဆက်ပြီး)အခြားအုပ်စုအပေါ်တွင် မတရားကျူးကျော်လာခဲ့လျှင်အသင်တို့သည် ထိုကျူးကျော်နေသည့် အုပ်စုကို သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်လှည့်လာကြသည်အထိ တိုက်ခိုက်ကြပါ။ ထို့နောက် အကယ်၍ ထိုအုပ်စုသည် (အရှင်မြတ်၏ အမိန့်တော်ဘက်သို့)ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ထိုအုပ်စုနှစ်စုကြား၌ တရားမျှတမှုနှင့် စစ်ပြေငြိမ်းအောင် ဆောင်ရွက်ကြပါ။ ထို့ပြင် အသင်တို့သည် တရားမျှတကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသည့်သူများကို ချစ်ခင်မြတ်နိုးတော်မူသည်။ ###၅ |