Quran with Burmese translation - Surah Al-Ma’idah ayat 1 - المَائدة - Page - Juz 6
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَوۡفُواْ بِٱلۡعُقُودِۚ أُحِلَّتۡ لَكُم بَهِيمَةُ ٱلۡأَنۡعَٰمِ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡ غَيۡرَ مُحِلِّي ٱلصَّيۡدِ وَأَنتُمۡ حُرُمٌۗ إِنَّ ٱللَّهَ يَحۡكُمُ مَا يُرِيدُ ﴾
[المَائدة: 1]
﴿ياأيها الذين آمنوا أوفوا بالعقود أحلت لكم بهيمة الأنعام إلا ما يتلى﴾ [المَائدة: 1]
Ba Sein ၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မိမိတို့ဂတိသစ္စာများကို စောင့်ထိန်းကြလော့။ ဤစူရာဟ် တော်တွင် မစားသုံးရဟု တားမြစ်ထားသော ခြေလေးချောင်းတိရစ္ဆာန်များမှတစ်ပါး၊ အခြား ခြေလေချောင်းတိရစ္ဆာန်များ၏အသားကို သင်တို့အဖို့ တရားဝင် မင်္ဂလာရှိသော အစားအစာ ဖြစ်သည်ဟု ပြဌာန်းတော်မူ၏။ သင်တို့သည် ကအ်ဘာကျောင်းတော်သို့ ဟဂျ်ပြုသွားနေစဉ် အမဲလိုက်ခြင်းသည် တရားမဝင်။ အမင်္ဂလာဖြစ်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မိမိနှစ်သက်တော်မူသောကျင့်စဉ်ကို ပညတ်တော်မူ၏။ |
Ghazi Mohammad Hashim အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (မိမိတို့ထားရှိကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။ (လာလတ္တံ့သော မုက္ခပါဌ်တော်၌ ) အသင်တို့အား ကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့သော) ခြေလေးချောင်းရှိသောတိရစ္ဆာန်တို့သည်ကား အသင်တို့အဖို့ (ဟလာလ်ဟူ၍ စားသုံး) ခွင့်ပြုထားပြီးဖြစ်ချေ သတည်း။ သို့ရာတွင် အသင်တို့သည် (ဟဂျ်ပြုရန်အတွက်) ‘အိဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်ပြီးဖြစ်နေကြစဉ် အမဲလိုက်ခြင်းကို (ဟလာလ်) ခွင့်ပြုပြီးဖြစ်သည်ဟူ၍ မထင်မှတ်မယူဆ ကြရပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာကိုသာ အမိန့်ပေးတော်မူပေသတည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (အသင်တို့ပြုထားသော) ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါ။ အသင်တို့အပေါ်တွင် ဖတ်ရွတ်ပြသခြင်းခံရသည့်အရာများ* (သွေး၊ အသေသား စသောအရာ)မှလွဲ၍၊ ၎င်းပြင် အသင်တို့သည် (ဟဂျ်ပြုလုပ်ရန်)အိဟ်ရာမ်ဝတ်ရုံ ဝတ်ဆင်ထားလျှက် အမဲလိုက်ခြင်းကို ဟရာမ်သတ်မှတ်ထားသည်မှလွဲ၍ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကဲ့သို့)ခြေလေးချောင်းသတ္တဝါများသည် အသင်တို့အတွက် ဟလာလ်စားသုံးခွင့် ပြုထားပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို အမိန့်ပေးတော်မူသည်။ |