Quran with Burmese translation - Surah Al-Ma’idah ayat 10 - المَائدة - Page - Juz 6
﴿وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ﴾
[المَائدة: 10]
﴿والذين كفروا وكذبوا بآياتنا أولئك أصحاب الجحيم﴾ [المَائدة: 10]
Ba Sein ၁ဝ။ မယုံကြည်ဘဲ ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းငယ်သူများသည် အဝီစိငရဲကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အကြင်သူများသည် ငြင်းပယ်ပြီး ငါအရှင်မြတ်၏ သက်သေလက္ခဏာ၊ တန်ခိုးတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် ငရဲဘုံသားများပင်ဖြစ်ကြသည်။ |