Quran with Burmese translation - Surah Al-Ma’idah ayat 9 - المَائدة - Page - Juz 6
﴿وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٞ ﴾
[المَائدة: 9]
﴿وعد الله الذين آمنوا وعملوا الصالحات لهم مغفرة وأجر عظيم﴾ [المَائدة: 9]
Ba Sein ၉။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်လျှက် သုစရိုက်ကောင်းမှုပွားများသူတို့အား ဂတိဗျာဒိတ် ပေးတော်မူပြီ။ အပြစ်လွှတ်ခြင်းနှင့် အောင်ဆုမင်္ဂလာကြီးသည် သူတို့အဖို့ဖြစ်၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များ ပြုလုပ်သူများအား သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သော အကျိုးဆုလာဘ်ရှိသည်ဟု ကတိပြုတော်မူခဲ့သည်။ |