×

အို၊ ယုံကြည်သူအပေါင်းတို့၊ လူမျိုးတစ်မျိုးသည် (သင်တို့အား ချေမှုန်းနိုင်ရန်အလို့ငှာ) သူတို့၏ (လက်နက်၊ စွမ်းရည်၊ နည်းပညာနှင့်အင်အားအလုံးစုံ အတူကိုင်စွဲထားသည့်) လက်များကို သင်တို့ဘက်သို့ 5:11 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:11) ayat 11 in Burmese

5:11 Surah Al-Ma’idah ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 11 - المَائدة - Page - Juz 6

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ هَمَّ قَوۡمٌ أَن يَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ فَكَفَّ أَيۡدِيَهُمۡ عَنكُمۡۖ وَٱتَّقُواْ ٱللَّهَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴾
[المَائدة: 11]

အို၊ ယုံကြည်သူအပေါင်းတို့၊ လူမျိုးတစ်မျိုးသည် (သင်တို့အား ချေမှုန်းနိုင်ရန်အလို့ငှာ) သူတို့၏ (လက်နက်၊ စွမ်းရည်၊ နည်းပညာနှင့်အင်အားအလုံးစုံ အတူကိုင်စွဲထားသည့်) လက်များကို သင်တို့ဘက်သို့ ဆွဲဆန့်၍ လှမ်းခဲ့ကြရန် သန္နိဋ္ဌာန်ချလျက် ကြံစည်နေစဉ် ငါအရှင်မြတ်က သူတို့၏လက်များကို သင်တို့ထဲ ရောက်နိုင်ခြင်းမှ ချုပ်ထိန်းတော်မူခြင်းဖြင့် သင်တို့အပေါ် အခွင့်အရေးပေးလျက် ဂုဏ်ပေးတော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (ငါအရှင်မြတ်သည် သင်တို့ကို ကာကွယ်စောင့်ရှောက်ရန်) ငါအရှင်မြတ်အပေါ် (တာဝန်အဖြစ် သတ်မှတ်ထားတော်မူသည့် အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့်) အားကိုးအား ထားပြုထိုက်၏။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا اذكروا نعمة الله عليكم إذ هم قوم أن يبسطوا, باللغة البورمية

﴿ياأيها الذين آمنوا اذكروا نعمة الله عليكم إذ هم قوم أن يبسطوا﴾ [المَائدة: 11]

Ba Sein
၁၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ကျေးဇူးတော်ကိုလည်းကောင်း၊ အသင်းတစ်သင်းသည် သင်တို့အား ဘေးအန္တရာယ်ပြုရန် သူတို့၏လက်များကို သင်တို့အပေါ် မိုးထားဖို့ရာ၊ စိတ်ရှိတ်သောအခါ အသျှင်မြတ်သည် ထိုလက်များကို ဆွဲငင်ဖယ်ရှားတော်မူသည်ကို လည်းကောင်း သတိရကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းရွက်ကြ လော့။ ယုံကြည်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးစားကြလော့။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek