×

ဧကန်ပင်၊ အသင်တို့မတိုင်မီလည်း လူမျိုးတစ်မျိုးက ထိုသို့သောအကြောင်းကိစ္စများကို မေးမြန်းခဲ့ပြီးနောက် ယဉ်ကျေးသူများပီပီ ထိန်းသိမ်းပြောဆိုသင့်သည်ကို လိုအပ်သည်ပို၍ ဖွင့်ပြောဆိုခဲ့ရာ လူထုကြားတွင် ထိုမဖွယ်မရာသော အသုံးအနှုံးများကြောင့် 5:102 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:102) ayat 102 in Burmese

5:102 Surah Al-Ma’idah ayat 102 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 102 - المَائدة - Page - Juz 7

﴿قَدۡ سَأَلَهَا قَوۡمٞ مِّن قَبۡلِكُمۡ ثُمَّ أَصۡبَحُواْ بِهَا كَٰفِرِينَ ﴾
[المَائدة: 102]

ဧကန်ပင်၊ အသင်တို့မတိုင်မီလည်း လူမျိုးတစ်မျိုးက ထိုသို့သောအကြောင်းကိစ္စများကို မေးမြန်းခဲ့ပြီးနောက် ယဉ်ကျေးသူများပီပီ ထိန်းသိမ်းပြောဆိုသင့်သည်ကို လိုအပ်သည်ပို၍ ဖွင့်ပြောဆိုခဲ့ရာ လူထုကြားတွင် ထိုမဖွယ်မရာသော အသုံးအနှုံးများကြောင့် မယုံကြည်မှုတိုးပွာလာပြီး ယင်းတို့ကို ""အရှင်မြတ်၏အမိန့်တော်များ"" ဟု လက်ခံရန် ငြင်းဆန်ခြင်းဖြင့် မယုံကြည်သူများ ဖြစ်လာခဲ့ကြသည်​။

❮ Previous Next ❯

ترجمة: قد سألها قوم من قبلكم ثم أصبحوا بها كافرين, باللغة البورمية

﴿قد سألها قوم من قبلكم ثم أصبحوا بها كافرين﴾ [المَائدة: 102]

Ba Sein
၁ဝ၂။ သင်တို့ထက် ရှေးကျသောလူမျိုးတစ်မျိုးက ယင်းအကြောင်းအရာများကို ဖော်ပြရန် တောင်းပန်ကြ ၏။ သို့သော် ထုတ်ဖော်ပြသောအခါ သူတို့သည် ထိုအကြောင်းအရာများကို မယုံကြည်ကြချေ။
Ghazi Mohammad Hashim
အသင်တို့အလျင် အထက်ကျော်ကာလ၌ရှိခဲ့ကြသော သူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်းအရာများကို မေးမြန်းခဲ့ဖူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။
Hashim Tin Myint
အမှန်စင်စစ် အသင်တို့မတိုင်မီက သူများသည်လည်း ထိုကဲ့သို့ အ‌ကြောင်းများကို ‌မေးမြန်းခဲ့ဖူးကြသည်။* ထို့‌နောက် သူတို့သည် ထိုအ‌ကြောင်းအရာများအား ငြင်းပယ်‌သောသူများ ဖြစ်သွားခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek