Quran with Burmese translation - Surah Al-Ma’idah ayat 103 - المَائدة - Page - Juz 7
﴿مَا جَعَلَ ٱللَّهُ مِنۢ بَحِيرَةٖ وَلَا سَآئِبَةٖ وَلَا وَصِيلَةٖ وَلَا حَامٖ وَلَٰكِنَّ ٱلَّذِينَ كَفَرُواْ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَۖ وَأَكۡثَرُهُمۡ لَا يَعۡقِلُونَ ﴾
[المَائدة: 103]
﴿ما جعل الله من بحيرة ولا سائبة ولا وصيلة ولا حام ولكن﴾ [المَائدة: 103]
Ba Sein ၁ဝ၃။ အလ္လာဟ်အသျှင်မြတ်သည် နတ်ပူဇောသော ဗဟီးရာ၊ သို့မဟုတ် ဆိုင်ဘား၊ သို့မဟုတ် ဝသီးလား၊ သို့မဟုတ် ဟမီးခေါ် ယဇ်ကောင်ကို ပညတ်တော်မမူပေ။ သို့သော် မိစ္ဆာဒိဌိတို့သည် အလ္လာဟ် အသျှင်မြတ်နှင့် ဆန့်ကျင်မှုကို မဟုတ်မလျား ဖန်တီးကြ၏။ သူတို့အနက် များလှစွာသောသူတို့သည် အသိအလိမ္မာ၊ ဉာဏ်ပညာ ခေါင်းပါးကြ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ‘ဗဟီရဟ်’ ကိုလည်း (ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်းတော်မူခဲ့သည်မဟုတ်ပေ။ ‘စာအိဗဟ်’ ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဝဆွီလဟ်’ ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ ‘ဟာမီ’ ကိုလည်း အသိအမှတ်ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ်အရှင်မြတ် အပေါ်၌ မဟုတ်မမှန်လုပ်ကြံ၍ မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဉာဏ်ကင်းမဲ့ကြကုန်သတည်း။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် ဗဟီရဟ်၊ စာအိဗဟ်၊ ဝစွီလဟ်နှင့် ဟာမ်*တို့ကို (တရားတော်၌) အသိအမှတ်ပြု ပြဋ္ဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ငြင်းပယ်သောသူများသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံမုသားပြောဆိုကြသည်။ ထို့ပြင် (အမှန်စင်စစ်) သူတို့ထဲမှ အများစုသည် အသိဉာဏ်မရှိကြပေ။ |