Quran with Burmese translation - Surah Al-Ma’idah ayat 101 - المَائدة - Page - Juz 7
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَسۡـَٔلُواْ عَنۡ أَشۡيَآءَ إِن تُبۡدَ لَكُمۡ تَسُؤۡكُمۡ وَإِن تَسۡـَٔلُواْ عَنۡهَا حِينَ يُنَزَّلُ ٱلۡقُرۡءَانُ تُبۡدَ لَكُمۡ عَفَا ٱللَّهُ عَنۡهَاۗ وَٱللَّهُ غَفُورٌ حَلِيمٞ ﴾
[المَائدة: 101]
﴿ياأيها الذين آمنوا لا تسألوا عن أشياء إن تبد لكم تسؤكم وإن﴾ [المَائدة: 101]
Ba Sein ၁ဝ၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့အား အသိပေးလျှင် သင်တို့ကို ဒုက္ခပေးမည့် အမှုအခင်း အကြောင်းကို မမေးမြန်းမစုံစမ်းကြလင့်။ သို့သော် အကယ်၍ သင်တို့သည် ထိုအကြောင်းအရာများ ကို ကုရ်အာန်ကျမ်းတော်ကို ထုတ်ပြန်ပြဌာန်းနေစဉ် မေးမြန်းလျှင် သင်တို့အား ထိုအကြောင်းများ ကို သိစေတော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် ဤအမှုကို ခွင့်လွှတ်တော်မူ၏။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ထောက်ထားညှာတာတော် မူ၏။ |
Ghazi Mohammad Hashim အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (တမန်တော်မြတ်အား) အကြင်အရာများနှင့်ပတ်သက်၍ မမေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် အသင်တို့ရှေ့၌ ထုတ်ဖော်(ပြော)ခြင်းခံခဲ့ရလျှင် အသင်တို့အား မကောင်းဖြစ်စေလိမ့်မည်။ ၎င်းပြင် အကယ်၍ ထိုအရာများနှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ် ချပေးခြင်းခံနေရသောအချိန်၌ အသင်တို့ မေးမြန်းကြလျှင် အသင်တို့အတွက် ထုတ်ဖော်(ပြော)ခြင်းခံရမည်။ ထိုကိစ္စများနှင့်ပတ်သက်၍ (ယခင်က မေးခဲ့သည်များကိုမူ) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင် ဖြစ်တော်မူသည်။ |