×

ထို့ပြင် ထိုသူတို့အား ''အလ္လာဟ်အရှင်မြတ်က ယခင်ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့ပြီဖြစ်သော အမိန့်ပညတ် ချက်များနှင့်ရစူလ်တမန်တော်အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော အမိန့်တော်များကို ယုံကြည်၍ ပေါက်ရောက်အောင်မြင်မည့် ဘဝဆောက်နိုင်ကြရန် ယင်းတို့ဘက်သို့ 5:104 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:104) ayat 104 in Burmese

5:104 Surah Al-Ma’idah ayat 104 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 104 - المَائدة - Page - Juz 7

﴿وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ قَالُواْ حَسۡبُنَا مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡلَمُونَ شَيۡـٔٗا وَلَا يَهۡتَدُونَ ﴾
[المَائدة: 104]

ထို့ပြင် ထိုသူတို့အား ''အလ္လာဟ်အရှင်မြတ်က ယခင်ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့ပြီဖြစ်သော အမိန့်ပညတ် ချက်များနှင့်ရစူလ်တမန်တော်အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော အမိန့်တော်များကို ယုံကြည်၍ ပေါက်ရောက်အောင်မြင်မည့် ဘဝဆောက်နိုင်ကြရန် ယင်းတို့ဘက်သို့ လာကြလော့။” ဟု တိုက်တွန်းခြင်း ခံရသည့်အခါ၊ သူတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့လိုက်နာကျင့်ကြံခဲ့သော အယူသည်းမှုပေါ်အခြေခံသည့် မိရိုးဖလာလမ်းစဉ်၌ အမှန်တရားသစ္စာဆိုင်ရာ သဲလွန်စပင် မတွေ့ရရုံသာမက သူတို့၏အဘဘိုးဘေးတို့မှာ လမ်းညွှန်ခြင်းခံကြသူများ လည်း မဟုတ်ကြောင်း သိနေပါလျှက် သူတို့က ''ကျွန်ုပ်တို့အတွက် ထိုလမ်းစဉ်သည် လုံလောက်ပေ၏။ ထိုလမ်းစဉ်အတိုင်း ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့လုပ်ခဲ့ကြသော ပူဇော်ပသမှုများကို ကျွန်ုပ်တို့မြင် တွေ့ခဲ့ကြပြီး သူတို့၏ခြေရာအတိုင်းသွားနိုင်လျှင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” ဟု တုံ့ပြန်ဖြေဆိုခဲ့ကြသည်။

❮ Previous Next ❯

ترجمة: وإذا قيل لهم تعالوا إلى ما أنـزل الله وإلى الرسول قالوا حسبنا, باللغة البورمية

﴿وإذا قيل لهم تعالوا إلى ما أنـزل الله وإلى الرسول قالوا حسبنا﴾ [المَائدة: 104]

Ba Sein
၁ဝ၄။ ထို့ပြင် သူတို့အား သင်တို့သည် အလ္လာဟ်အသျှင်မြတ်ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းမြတ် နှင့် အသျှင်မြတ်၏ တမန်တော်ဘက်သို့ ဝင်လာကြလော့ဟု ဟောကြားသောအခါ သူတို့က ''အကျွနု်ပ်တို့အတွက် မိရိုးဖလာထုံးစံတရားသည် လုံလောက်၏''ဟု ပြန်ပြောကြ၏။ သူတို့၏ မိဘ၊ ဘိုးဘွားတို့သည် ပညာအလင်းရောင်နှင့် အဆုံးအမတရားတော်ကို မရငြားလည်း သူတို့သည် မိရိုးဖလာကို လိုက်ကြမည်လော။
Ghazi Mohammad Hashim
၎င်းပြင် ထိုသူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဘက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ ထိုသူတို့က ကျွန်ုပ်တို့အဖို့ အကြင်လမ်းစဉ်သည် လုံလောက်ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွန်ုပ်တို့သည် မိမိတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း ( ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။)
Hashim Tin Myint
ထို့ပြင် သူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း‌တော်မူသာအမိန့်များနှင့် တမန်‌တော်ဘက်သို့ လာကြပါ“ဟု ‌ပြောဆိုခြင်းခံကြရ‌သောအခါ သူတို့က “ကျွန်ုပ်တို့အတွက် အကြင်(လမ်းစဉ်)သည် လုံ‌လောက်သည်၊ ထို(လမ်းစဉ်‌ပေါ်)၌ ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့ကို ကျွန်ုပ်တို့‌တွေ့မြင်ခဲ့ကြသည်“ဟု ‌ဖြေကြားကြသည်။ အကယ်၍ သူတို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်အရာကိုမျှ မသိနားမလည်ကြသည့်အပြင် လမ်းမှန်မရရှိကြလျှင်လည်း (လုံ‌လောက်ဦးမည်‌လော။ လုံးဝ မလုံ‌လောက်‌ပေ)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek