×

အလ္လာဟ်အရှင်မြတ်က အို၊ မရ်ယမ်၏သားအီစာ၊ ငါအရှင်မြတ်သည် အသင်နှင့်အသင့်မွေးသမိခင်အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ရူဟုလ်ကုဒွတ်စ်ခေါ် ကောင်း ကင်စေတမန်ဖြစ်သူ၊ မြင့်မြတ်သောဝိဉာဉ်တော်ဖြင့် အသင့်အား 5:110 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:110) ayat 110 in Burmese

5:110 Surah Al-Ma’idah ayat 110 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 110 - المَائدة - Page - Juz 7

﴿إِذۡ قَالَ ٱللَّهُ يَٰعِيسَى ٱبۡنَ مَرۡيَمَ ٱذۡكُرۡ نِعۡمَتِي عَلَيۡكَ وَعَلَىٰ وَٰلِدَتِكَ إِذۡ أَيَّدتُّكَ بِرُوحِ ٱلۡقُدُسِ تُكَلِّمُ ٱلنَّاسَ فِي ٱلۡمَهۡدِ وَكَهۡلٗاۖ وَإِذۡ عَلَّمۡتُكَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَۖ وَإِذۡ تَخۡلُقُ مِنَ ٱلطِّينِ كَهَيۡـَٔةِ ٱلطَّيۡرِ بِإِذۡنِي فَتَنفُخُ فِيهَا فَتَكُونُ طَيۡرَۢا بِإِذۡنِيۖ وَتُبۡرِئُ ٱلۡأَكۡمَهَ وَٱلۡأَبۡرَصَ بِإِذۡنِيۖ وَإِذۡ تُخۡرِجُ ٱلۡمَوۡتَىٰ بِإِذۡنِيۖ وَإِذۡ كَفَفۡتُ بَنِيٓ إِسۡرَٰٓءِيلَ عَنكَ إِذۡ جِئۡتَهُم بِٱلۡبَيِّنَٰتِ فَقَالَ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ ﴾
[المَائدة: 110]

အလ္လာဟ်အရှင်မြတ်က အို၊ မရ်ယမ်၏သားအီစာ၊ ငါအရှင်မြတ်သည် အသင်နှင့်အသင့်မွေးသမိခင်အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ရူဟုလ်ကုဒွတ်စ်ခေါ် ကောင်း ကင်စေတမန်ဖြစ်သူ၊ မြင့်မြတ်သောဝိဉာဉ်တော်ဖြင့် အသင့်အား ထောက်ပံ့စေတော်မူ၍ ပုခက်တွင်းနှင့်အရွယ်ရောက်လာသည့် အချိန်ကာလတို့၌ လူတို့အား အရှင့်အမိန့်တော်နှင့်ပတ်သက်သည့် စကားများပြောဆိုခွင့် ပေးတော်မူလျက် အားဖြည့်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ အသင့်အား ကျမ်းတော်၊ စီရင်ထုံးဆိုင်ရာဉာဏ်အမြော်အမြင်၊ တောင်ရာတ်နှင့်အိန်ဂျီးလ်ကျမ်းတို့ သင်ကြားပို့ချတော်မူခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ရွံ့မြေမှ ငှက်ကဲ့သို့သော ရုပ်သဏ္ဌန်ပုံဖော်၍ ငါအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် ထိုငှက်ထဲသို့ မှုတ်လိုက်သည့်အခါ ငါအရှင် မြတ်၏ခွင့်ပြုချက်ဖြင့်ပင် ငှက်စစ်စစ် ဖြစ်လာခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ငါအရှင်မြတ်၏ခွင့်ပြုချက် ဖြင့် မွေးရာပါမျက်မမြင်သူနှင့်အနာကြီးရောဂါသည်တို့အား ကုသနိုင်ခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ငါအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် သေဆုံးသွားသူအား သင်္ချိုင်းတွင်းမှ ထွက်လာစေခဲ့သည်ကိုလည်းကောင်း၊ အသင်သည် မြင်သာထင်ရှားသောရှင်းလင်းချက်နှင့်အတူ သူတို့ထံသွားရောက်ခဲ့စဉ် သူတို့အနက်မှ မယုံကြည်သူနှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က အသင်တင်ပြသည့် အရှင့်သက်သေလက္ခဏာတော်နှင့်စပ်လျဉ်း၍ ''ဤသည်ကား ထင်ရှားသော မှော်ပယောဂအတတ်ပညာသာ ဖြစ်သည်။'' ဟု ပြောဆို၍ အသင့်ကို တိုက်ခိုက်ရန် စီစဉ်သည့်အခါ အသင့်ထံမှ အစ္စရေးမျိုးနွယ်ဝင်တို့ကို ချုပ်ထိန်းထားတော်မူခဲ့သည်ကိုလည်းကောင်း၊ စသည့် ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟလော့။

❮ Previous Next ❯

ترجمة: إذ قال الله ياعيسى ابن مريم اذكر نعمتي عليك وعلى والدتك إذ, باللغة البورمية

﴿إذ قال الله ياعيسى ابن مريم اذكر نعمتي عليك وعلى والدتك إذ﴾ [المَائدة: 110]

Ba Sein
၁၁ဝ။ အလ္လာဟ်အသျှင်မြတ်က အို-မရယမ်၏သား အီဆာ၊ သင်သည် မိမိနှင့် မိမိမယ်တော်တို့အား ငါအသျှင်မြတ်ပေးသနားတော်မူသော ကောင်းကြီးမင်္ဂလာတော်ကြီးကို အောက်မေ့သတိရလော့။ သင်သည် ပုခက်တွင်းမှ လူသားတို့အား လူကြီးတစ်ယောက်ကဲ့သို့ စကားပြောဆိုနိုင်ရန် ငါသည် သင်အား ဝိညာဉ်တော်အားဖြင့် အင်အားတောင့်စေတော်မူ၏။ ငါသည် သင့်အား တရားတော် ပညာအလင်းရောင် တောင်ရတ်ကျမ်းတော်၊ အင်ဂျီလ်ကျမ်းတော်စသည်တို့ကို သင်ကြားပေးတော် မူ၏။ ငါ၏အမိန့်တော်အားဖြင့် သင်သည် ရွံ့မြေစေးမှ ငှက်ရုပ်တစ်ရုပ်ကို ပြုလုပ်ပြီးလျှင် ထိုအရုပ် ထဲသို့ လေမှုတ်သွင်းသောအခါ ငါ၏ခွင့်ပြုတော်မူခြင်းကြောင့် ထိုငှက်ရုပ်သည် ပကတိငှက်ဖြစ်သွား၏။ ငါ၏တန်ခိုးတော်ကြောင့် သင်သည် ဝမ်းတွင်းမျက်စိကန်းသူအား မျက်စိမြင်အောင်၊ ကုဌနူနာ ရောဂါပျောက်အောင် ကုသနိုင်၏။ ငါ၏တန်ခိုးတော်ကြောင့် သင်သည် သေသူများအား ပြန်ရှင်စေ ၏။ သင်သည် အစ္စရာအီလ်အမျိုးသားတို့ထံသို့ ထင်ရှားကျော်စောသော သက်သေသာဓကများကို ပြသရာ သူတို့အနက် မိစ္ဆာမိုက်များက ဤသာဓကသည် ထင်ရှားသော ပယောဂဝိဇ္ဇာအတတ်မှတပါး အခြားအရာမဖြစ်နိုင်ချေဟု ကြွေးကြော်၏။ ထိုသူမိုက်တို့သည် သင်အား ဘေးအန္တရာယ်မပြုနိုင်ရန် သူတို့ကို ငါ တားဆီးထား၏။ ဤဂုဏ်ကျေးဇူးတော်များကို ချီးကျူးတသလော့ဟု မိန့်တော်မူ၏။
Ghazi Mohammad Hashim
(၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့) မိန့်ကြားတော်မူအံ့။ အို- မရ်ယမ်၏သား အီစာ အသင်သည် မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ‘ရူဟုလ်ကုဒွတ်စ်’ ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌) လည်းကောင်း၊ အသက်အရွယ် ကြီးပြင်းလာသည့်အခါ၌လည်းကောင်း၊ လူတို့နှင့် (တစ်မျိုးတစ်စားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျကျမ်းဂန်များကိုလည်းကောင်း၊ ‘ဟစ်က်မတ်’ အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်’နှင့် ‘အိန်ဂျီလ်’ ကျမ်းဂန်များကိုလည်းကောင်း သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင်မှုတ်၏။ ထိုအခါ ထိုအရာသည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့) ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်း စသောကုဌနူနာစွဲကပ်လျက်ရှိသော သူတို့ကိုလည်းကောင်း ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီး သင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့် (အား ဖမ်းဆီးကွပ်မျက်ခြင်း) မှ တားဆီးတော်မူခဲ့၏၊ အကြင်အခါဝယ် အသင်သည် ၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ) များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။
Hashim Tin Myint
(ထို‌နေ့)တစ်ချိန်တွင် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြား‌တော်မူမည်၊ အို-မရ်ယမ်၏သား အီစာ၊ အသင်သည် အသင်နှင့် အသင်၏မိခင်အ‌ပေါ်တွင် ငါအရှင်မြတ်ပြု‌တော်မူခဲ့‌သော ‌ကျေးဇူး‌တော်များအား သတိရပါ။ တစ်ခါက ငါအရှင်မြတ်သည် အသင်(တမန်‌တော်အီစာ)ကို မြင့်မြတ်‌သောဝိညာဉ်နှင့် ကူညီပံ့ပိုးခဲ့သည်။ အသင်သည် ပုခက်တွင် (ရင်ခွင်ပိုက်က‌လေးဘဝ)တွင်လည်း‌ကောင်း၊ ကြီးပြင်းသည့်အခါတွင်လည်း‌ကောင်း လူများနှင့်(လူကြီးများ‌ပြော‌သောစကားမျိုးဖြင့်သာ တစ်မျိုးတည်း)စကား‌ပြောဆိုခဲ့သည်။ ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင့်အား ‌ကောင်းကင်ကျကျမ်းဂန်(များ)၊ အသိပညာဉာဏ်အ‌မြော်အမြင်၊ ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းဂန်များကို သင်ကြားပို့ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် တစ်ခါက ငါအရှင်မြတ်၏အမိန့်‌တော်ဖြင့် အသင်သည် ‌မြေကို ငှက်ရုပ်လုပ်ပြီး မှုတ်လိုက်‌သောအခါ ထို(ငှက်ရုပ်)သည် ငါအရှင်မြတ်၏ အမိန့်‌တော်ဖြင့် (သက်ရှိ)ငှက်ဖြစ်သွားခဲ့သည်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်‌တော်နှင့် (‌မွေးရာပါ)မျက်မမြင်များနှင့် ခရုသင်းစ‌သောနူနာ‌ရောဂါသည်များအား ‌ပျောက်ကင်း‌အောင်လုပ်‌ပေးခဲ့သည်။ ထို့ပြင် တစ်ခါက အသင်သည် ငါအရှင်မြတ်၏အမိန့်‌တော်ဖြင့် ‌သေသူများကို(ရှင်‌အောင်လုပ်ပြီး သချင်္ီုင်းထဲမှ)ထွက်‌စေခဲ့သည်။ ထို့ပြင် တစ်ခါက အသင်သည် သူတို့ထံသို့ ထင်ရှား‌သော သက်သလက္ခဏာတန်ခိုး‌တော်များကို ယူ‌ဆောင်သွားခဲ့‌သောအခါ ငါအရှင်မြတ်က အစ္စရာအီလီမျိုးနွယ်များကို အသင့်အား သတ်ဖြတ်ခြင်းမှ တားဆီး‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့ထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများက “ဤသည် ထင်ရှား‌သောစုန်းပ‌ယောဂ အတတ်ပင်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek