×

ထို့ပြင် (သတိရလော့) ဟဝါရီခေါ် တမန်တော်အီစာ၏နောက်လိုက်သာဝကများတို့ထံ ‘’ငါအရှင်မြတ်နှင့်ငါအရှင်မြတ်၏ရစူလ်တမန်တော်အား သက်ဝင်ယုံကြည်ကြလော့။’’ ဟု တမန်တော်အီစာမှတစ်ဆင့် အမိန့်တော် ထုတ်ပြန်ချက်ဖြင့် စေ့ဆော်၍ အာရုံရစေတော်မူသည့်အခါ 5:111 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:111) ayat 111 in Burmese

5:111 Surah Al-Ma’idah ayat 111 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 111 - المَائدة - Page - Juz 7

﴿وَإِذۡ أَوۡحَيۡتُ إِلَى ٱلۡحَوَارِيِّـۧنَ أَنۡ ءَامِنُواْ بِي وَبِرَسُولِي قَالُوٓاْ ءَامَنَّا وَٱشۡهَدۡ بِأَنَّنَا مُسۡلِمُونَ ﴾
[المَائدة: 111]

ထို့ပြင် (သတိရလော့) ဟဝါရီခေါ် တမန်တော်အီစာ၏နောက်လိုက်သာဝကများတို့ထံ ‘’ငါအရှင်မြတ်နှင့်ငါအရှင်မြတ်၏ရစူလ်တမန်တော်အား သက်ဝင်ယုံကြည်ကြလော့။’’ ဟု တမန်တော်အီစာမှတစ်ဆင့် အမိန့်တော် ထုတ်ပြန်ချက်ဖြင့် စေ့ဆော်၍ အာရုံရစေတော်မူသည့်အခါ သူတို့က ‘’ကျွန်တော်မျိုးတို ယုံကြည်ကြပြီး ကိုယ်စိတ်နှလုံးတို့အား အရှင့်ထံအပ်နှံလျက် ငြိမ်းချမ်းလိုလားသော‘မွတ်စလင်’များဖြစ်ကြောင်း သက်သေခံကြပါ၏။‘’ ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။

❮ Previous Next ❯

ترجمة: وإذ أوحيت إلى الحواريين أن آمنوا بي وبرسولي قالوا آمنا واشهد بأننا, باللغة البورمية

﴿وإذ أوحيت إلى الحواريين أن آمنوا بي وبرسولي قالوا آمنا واشهد بأننا﴾ [المَائدة: 111]

Ba Sein
၁၁၁။ ငါအသျှင်မြတ်သည် သာဝကကြီးများအား အို-သာဝကတို့ သင်တို့သည် ငါနှင့် ငါ၏တမန်တော်ကို ယုံကြည်လေးစားကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ထိုအခါ သူတို့က အို-အလ္လာဟ်အသျှင် အကျွနု်ပ်တို့သည် ယုံကြည်ကြပါ၏။ အကျွန်ုပ်တို့သည် အသျှင်ကိုသာလျှင် ယုံကြည်ကျိုးနွံကြသည်ကို သက်သေခံတော်မူပါဟု တင်လျှောက်ကြ၏။
Ghazi Mohammad Hashim
၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော် (အီစာ) အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်ဟု အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့လေရာ ထို (ဟဝါရီ) တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ။ ကျွန်တော်မျိုးတို့သည် အမိန့်ကို လိုက်နာကြသော ‘မွတ်စလင်မ်’ များဖြစ်ကြောင်း အရှင်မြတ်သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ဟဝါရီ ခဝါသည်များထံသို့ “အသင်တို့သည် ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏တမန်‌တော်(အီစာ)ကို ယုံကြည်ကြပါ“ဟု အမိန့်ချမှတ်‌တော်မူခဲ့သည်။ ဟဝါရီ ခဝါသည်များက “ကျွန်ုပ်တို့ ယုံကြည်ကြပါပြီ၊ ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြ‌သော မွတ်စ်လင်မ်များဖြစ်‌ကြောင်း အရှင်မြတ်သက်‌သေအဖြစ်ရှိ‌တော်မူပါ“ဟု ‌ပြောဆိုခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek