×

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့ထံမှ (အရှင့်အမိန့်တော်များကို နာခံမည်ဟူသော) ပဋိညာဉ်ကတိဝန်ခံချက်ကို မုချရယူတော်မူခဲ့ပြီးနောက် သူတို့အနက်မှ (မျိုးနွယ်စုအသီးသီးအတွက် တာဝန်ယူ၍ ဦးဆောင်မှုပေးနိုင်မည့်) ခေါင်းဆောင် 5:12 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:12) ayat 12 in Burmese

5:12 Surah Al-Ma’idah ayat 12 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 12 - المَائدة - Page - Juz 6

﴿۞ وَلَقَدۡ أَخَذَ ٱللَّهُ مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ وَبَعَثۡنَا مِنۡهُمُ ٱثۡنَيۡ عَشَرَ نَقِيبٗاۖ وَقَالَ ٱللَّهُ إِنِّي مَعَكُمۡۖ لَئِنۡ أَقَمۡتُمُ ٱلصَّلَوٰةَ وَءَاتَيۡتُمُ ٱلزَّكَوٰةَ وَءَامَنتُم بِرُسُلِي وَعَزَّرۡتُمُوهُمۡ وَأَقۡرَضۡتُمُ ٱللَّهَ قَرۡضًا حَسَنٗا لَّأُكَفِّرَنَّ عَنكُمۡ سَيِّـَٔاتِكُمۡ وَلَأُدۡخِلَنَّكُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ فَمَن كَفَرَ بَعۡدَ ذَٰلِكَ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ ﴾
[المَائدة: 12]

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့ထံမှ (အရှင့်အမိန့်တော်များကို နာခံမည်ဟူသော) ပဋိညာဉ်ကတိဝန်ခံချက်ကို မုချရယူတော်မူခဲ့ပြီးနောက် သူတို့အနက်မှ (မျိုးနွယ်စုအသီးသီးအတွက် တာဝန်ယူ၍ ဦးဆောင်မှုပေးနိုင်မည့်) ခေါင်းဆောင် ဆယ့်နှစ်ဦးကို ပေါ်ထွက်စေတော်မူ၍ ခန့်အပ်တော်မူခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား “အကယ်၍ သင်တို့သည် သင်တို့ထဲတွင်ရှိသော မကောင်းမှုဒုစရိုက်များနှင့် အကျင့်ဆိုးများကို (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) အမှန်ပင် ရှောင်ကြဉ်ဖယ်ရှား ဖုံးကွယ်၍ (အရှင်မြတ်ထံတော်မှ အဆပေါင်းများစွာ ပြန်ရရန်အလို့ငှာ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (သင်တို့၏အသက်စည်း စိမ်နှင့်ပိုင်ဆိုင်မှုများကို သုံးစွဲခြင်းဖြင့်) သင်တို့၏ကိုယ်စိတ်နှလုံးနှင့်စည်းစိမ်တို့ကို အမွန်မြတ်ဆုံးချေးငှားမှုဖြစ် သည့် အလ္လာဟ်အရှင်မြတ် (က အလိုရှိတော်မူသော လမ်း စဉ်တော်) အတွက် ချေးငှားကြပြီး ငါအရှင်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ယုံကြည် (သူတို့၏ညွှန်ကြားချက်များနှင့်အညီ ပြုမူကျင့်ကြံလျက်) သူတို့အား ထောက်ခံအားပေးကြသည့်အပြင် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ) ဆောက်တည် မြဲ၍ ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ဆင်းရဲသူအား ပေးရသောလူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြလျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူရုံသာမက သင်တို့အတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့လည်း အမှန်ပင် ဝင်ခွင့်ပေးတော်မူလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ ထို့နောက်တွင်မှ သင်တို့အနက်မှ မည်သူမဆို (အရှင်မြတ်၏အမိန့်ပညတ်ချက်များကို) မယုံကြည်ငြင်းဆန်ဖုံးကွယ်လျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မျှခြေမှ လွဲချော်၍ လမ်းမှားသို့ ရောက်ခဲ့ပြီ ဖြစ်၏။

❮ Previous Next ❯

ترجمة: ولقد أخذ الله ميثاق بني إسرائيل وبعثنا منهم اثني عشر نقيبا وقال, باللغة البورمية

﴿ولقد أخذ الله ميثاق بني إسرائيل وبعثنا منهم اثني عشر نقيبا وقال﴾ [المَائدة: 12]

Ba Sein
၁၂။ ရှေးအခါက အလ္လာဟ်အသျှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ၏။ ငါအသျှင်မြတ်သည် သူတို့အထဲမှ အကြီးအကဲ ရှေ့ဆောင်ဆယ့်နှစ်ယောက်ကို ရွေးချယ်တော်မူ၍ ဤသို့ ဗျာဒိတ်ပေးတော်မူ၏။ အို-ခေါင်းဆောင်တို့ မှတ်သားကြလော့။ ငါသည် သင်တို့နှင့်အတူ ရှိတော်မူ၏။ သင်တို့သည် ဆွလာသ်ဝတ်ပြုခြင်း၊ ဇကာသ်အလှူဒါနကိုပေးကမ်းခြင်း၊ ငါ၏ တမန်တော်များကိုယုံကြည်ခြင်း၊ ကူညီထောက်ခံခြင်း၊ အလ္လာဟ်အသျှင်မြတ်အား သဒ္ဒါကြည်ညို သော စေတနာဖြင့် ကြွေးမြီချခြင်းတို့ကို ပြုလုပ်ကြလျှင် ငါအသျှင်သည် မုချဧကန် သင်တို့၏ အပြစ်များကို လွှတ်တော်မူမည်။ အောက်တွင် အသွယ်သွယ်စီးဆင်းလျှက်ရှိသော ဥယျာဉ်တော်ကြီး အတွင်းသို့ သင်တို့ကို အမှန်ပင်ပို့ဆောင်တော်မူမည်။ သင်တို့အနက် အကြင်သူသည် ငါ့အထံတော် ၌ ပဋိညာဉ်ခံပြီးသည့်နောက် မယုံကြည် ဖောက်ပြန်၏။ ထိုသူသည် ထင်ရှားသောလမ်းတော်ကြီးမှ တိမ်းစောင်းသွားမည်သာတည်း။
Ghazi Mohammad Hashim
၎င်းနောက်မှ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအမိန့်တော်များကို လိုက်နာရန်) အစ္စရာအီလီလူမျိုးတို့ထံမှ (လည်း) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ၊ ဦးစီးနာယက အကြီးအကဲဆယ့်နှစ်ဦး ခန့်အပ်တော်မူခဲ့လေသည်။ ထိုနောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်စင်စစ် ငါအရှင်မြတ် (၏ ကူညီရိုင်းပင်းမှု) သည် အသင်တို့နှင့်အတူရှိအံ့။ အကယ်၍သာ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုမှုကိုလည်း အမြဲ ဆောက်တည်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ‘ဇကာသ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ ရစူလ်တမန်တော်တို့အားလည်း သက်ဝင်ယုံကြည်၍ ထိုရစူလ်တမန်တော်များအား ရိုင်းပင်းကူညီကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားခြင်းကိုလည်း ပြုကြအံ့၊ ယင်းသို့ဖြစ်လျှင် ငါအရှင်မြတ်သည် အသင်တို့၏ပြစ်မှုဒုစရိုက်များကို မုချ ပပျောက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့အား အကြင်ဥယျာဉ်များ၌လည်း မုချ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်၌ ရေချောင်းများသည် စီးဆင်းလျက်ရှိကြလတ္တံ့။ သို့ရာတွင်မူကား အသင်တို့အနက်မှ မည်သူမဆို ယင်း (ကဲ့သို့ ပဋိညာဉ်ထားရှိပြီး) နောက် သွေဖည်ငြင်းပယ်ခဲ့ပါမူ ထိုသူသည် ဖြောင့်မှန်သော (တရား) လမ်းမှ မုချ ဝေးကွာသွားခဲ့ချေပြီ။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အစ္စရာအီလ်လူမျိုးများထံမှ ကတိဝန်ခံချက်ကို ရယူ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အကြီးအကဲ ဆယ့်နှစ်ဦး ခန့်အပ်‌တော်မူခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြား‌တော်မူခဲ့သည်။ အမှန်မုချ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိလိမ့်မည်။ အကယ်၍ အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြမည်၊ ၎င်းပြင် အသင်တို့သည် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြမည်၊ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ တမန်‌တော်များကိုလည်း ယုံကြည်ကြပြီး သူတို့အား ကူညီရိုင်းပင်းကြမည်၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်း ‌ကောင်းမွန်‌သော‌ကြွေး*‌ချေးကြမည်ဆိုလျှင် ငါအရှင်မြတ်သည် အသင်တို့၏ မ‌ကောင်းမှုများကို အမှန်ပင် ပ‌ပျောက်‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်၊ ထိုဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို ထို့‌နောက်တွင် ငြင်းပယ်ခဲ့လျှင် ထိုသူသည် ‌ဖြောင့်မတ်‌သော(တရား)လမ်းမှ အမှန်ပင် ‌ဝေးသွားခဲ့ပြီဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek