Quran with Burmese translation - Surah Al-Ma’idah ayat 13 - المَائدة - Page - Juz 6
﴿فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ لَعَنَّٰهُمۡ وَجَعَلۡنَا قُلُوبَهُمۡ قَٰسِيَةٗۖ يُحَرِّفُونَ ٱلۡكَلِمَ عَن مَّوَاضِعِهِۦ وَنَسُواْ حَظّٗا مِّمَّا ذُكِّرُواْ بِهِۦۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَآئِنَةٖ مِّنۡهُمۡ إِلَّا قَلِيلٗا مِّنۡهُمۡۖ فَٱعۡفُ عَنۡهُمۡ وَٱصۡفَحۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُحۡسِنِينَ ﴾
[المَائدة: 13]
﴿فبما نقضهم ميثاقهم لعناهم وجعلنا قلوبهم قاسية يحرفون الكلم عن مواضعه ونسوا﴾ [المَائدة: 13]
| Ba Sein ၁၃။ သူတို့သည် ဂတိသစ္စာဖောက်ဖျက်ကြသောကြောင့် ငါသည် သူတို့ကို ကျိန်ဆဲတော်မူ၏။ သူတို့ စိတ်နှလုံးကို ရိုင်းစိုင်းမာပြင်းစေတော်မူ၏။ သူတို့သည် စကားလုံးများကို ရှိရင်းစွဲနေရာမှ အဓိပ္ပါယ် မှောက်မှားအောင် ရွှေ့ပြောင်းကြ၍ သူတို့အား ဆုံးမသွန်သင်သော စကားအချို့တို့ကို မေ့လျှော့ ပစ်ကြ၏။ သူတို့အထဲမှ အနည်းငယ်သောသူတို့မှတစ်ပါး အခြားသူတို့အားလုံးပင် သစ္စာဖောက်ပြန် သည်ကို မဆုံးနိုင်အောင် သင် တွေ့ကြံုရမည်သာတည်း။ သို့သော် သင်သည် သူတို့အား သည်းခံ၍ အပြစ်လွှတ်လော့။ မှတ်သားလော့။ အလ္လာဟ်အသျှင်သည် သနားကျင်နာတတ်သူတို့ကို ချစ်ခင် မြတ်နိုးတော်မူ၏။ |
| Ghazi Mohammad Hashim ထိုနောက် ၎င်း (အစ္စရာအီလီမျိုးနွယ်) တို့သည် မိမိတို့ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းကြောင့် ငါအရှင်မြတ်သည် ၎င်းတို့အား (မိမိ၏) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ထိုပြင် ၎င်းတို့၏ စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့၏။ ထိုသူတို့သည် မုက္ခပါဌ်တော်များကို ၎င်းတို့၏မူရင်းနေရာမှများမှ ရွေ့ပြောင်းကြသည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အား ဆုံးမထားသော အဆုံးအမဩဝါဒများအနက်မှ (ကြီးကျယ် သော) အစိတ်အပိုင်းတစ်ခုကိုလည်း မေ့ပစ်ခဲ့ကြလေသည်။ အမှန်သော်ကား အသင်သည် ၎င်းတို့အနက်မှ တချို့သောသူတို့မှတစ်ပါး ကျန်လူများ၏ သစ္စာဖောက်မှုတစ်ခုခုကို အမြဲပင် ကြားသိလျက်ရှိနေပေမည်။ သို့ရာတွင် အသင်သည် ၎င်းတို့အား ခွင့်လွှတ်ပါလေ။ ထို့ပြင် (၎င်းတို့ဘက်မှ) မျက်နှာလွှဲရှောင်ပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုသောသူတို့အား ချစ်မြတ်နိုးတော်မူလေသတည်း။ |
| Hashim Tin Myint ထို့နောက် သူတို့သည် သူတို့၏ကတိဝန်ခံချက်ကို ဖောက်ဖျက်ခြင်းကြောင့် ငါအရှင်မြတ်သည် သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့သည်။ သူတို့သည် အာယသ်တော်များကို သူတို့၏မူလနေရာမှ(လုပ်ကြံ)ရွှေ့ပြောင်းကြသည်။ ၎င်းပြင် သူတို့သည် သူတို့အား သတိပေးဆုံးမထားသည့်အထဲမှ အစိတ်အပိုင်းတစ်ခုကို* မေ့ပစ်ခဲ့ကြသည်။ ထို့ပြင် အသင်သည် သူတို့ထဲမှ အချို့သူမှလွဲ၍ ကျန်သူများ၏ သစ္စာမဲ့မှုတစ်စုံတစ်ခုကို အမြဲဖော်ထုတ်သိရှိနေရလိမ့်မည်။ သို့ဖြစ်ရာ အသင်သည် သူတို့အား ခွင့်လွှတ်လိုက်ပါ၊ ၎င်းပြင် မျက်နှာလွှဲပြီးနေလိုက်ပါ၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သောသူများကို ချစ်ခင်မြတ်နိုးတော်မူသည်။ |