Quran with Burmese translation - Surah Al-Ma’idah ayat 16 - المَائدة - Page - Juz 6
﴿يَهۡدِي بِهِ ٱللَّهُ مَنِ ٱتَّبَعَ رِضۡوَٰنَهُۥ سُبُلَ ٱلسَّلَٰمِ وَيُخۡرِجُهُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِهِۦ وَيَهۡدِيهِمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴾
[المَائدة: 16]
﴿يهدي به الله من اتبع رضوانه سبل السلام ويخرجهم من الظلمات إلى﴾ [المَائدة: 16]
Ba Sein ၁၆။ ထိုကျမ်းတော်အားဖြင့် အလ္လာိဟ်အသျှင်မြတ်သည် မိမိနှစ်သက်မြတ်နိုးတော်မူခြင်းကို ရှာမှီးသူတို့ အား အေးချမ်းသာယာရေးလမ်းများသို့ ညွှန်ပြတော်မူ၏။ အသျှင်မြတ်သည် မိမိ၏ပညတ်တော် အားဖြင့် သူတို့ကို အမှောင်ထုမှ အလင်းရောင်အတွင်းသို့ ကယ်မတော်မူ၏။ သူတို့အား သမ္မာ ဖြောင့်မတ်သောလမ်းကို ပြသတော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ထို (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အား ငြိမ်းချမ်းသာယာခြင်း၏လမ်းများကို ပြသတော်မူ၏။ ၎င်းပြင် ယင်းသူတို့အား မိမိအမိန့် တော်နှင့် (ဝါ) မိမိသတ်မှတ်ပြဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း ‘ကုဖ်ရ်’ တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် ထို(ကုရ်အာန်)ကျမ်းတော်မြတ်နှင့် အရှင်မြတ်၏နှစ်သက်မှုကို လိုက်နာသောသူများအား ငြိမ်းချမ်းသောလမ်းများကို ပြသတော်မူသည်။ ၎င်းပြင် သူတို့အား အရှင်မြတ်၏အမိန့်တော်နှင့် (ကုဖ်ရ်)အမှောင်ထုများထဲမှ (အစ္စလာမ်)အလင်းရောင်ထံသို့ ထုတ်ယူပို့ဆောင်တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ပြသတော်မူသည်။ |