Quran with Burmese translation - Surah Al-Ma’idah ayat 17 - المَائدة - Page - Juz 6
﴿لَّقَدۡ كَفَرَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ هُوَ ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَۚ قُلۡ فَمَن يَمۡلِكُ مِنَ ٱللَّهِ شَيۡـًٔا إِنۡ أَرَادَ أَن يُهۡلِكَ ٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَأُمَّهُۥ وَمَن فِي ٱلۡأَرۡضِ جَمِيعٗاۗ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۚ يَخۡلُقُ مَا يَشَآءُۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[المَائدة: 17]
﴿لقد كفر الذين قالوا إن الله هو المسيح ابن مريم قل فمن﴾ [المَائدة: 17]
Ba Sein ၁၇။ အလ္လာဟ်အသျှင်မြတ်သည် မရယမ်၏သား မေရှိယခရစ်တော်အမှန်ပင်ဖြစ်သည်ဟုဆိုသောသူတို့ သည် မိစ္ဆာဒိဌိမုချဖြစ်၏။ အို-တမန်တော် ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့ဆိုသည့်အတိုင်း ဖြစ်မူ အလ္လာဟ်အသျှင်မြတ်သည် မရယမ်၏သား မေရှိခရစ်တော် သူ၏မယ်တော်နှင့် ကမ္ဘာပေါ်ရှိ လူတိုင်းကို ဖျက်ဆီးလိုတော်မူပါလျှင် အဘယ်သူသည် အလ္လာဟ်အသျှင်မြတ်ကို တားဆီးနိုင်သနည်း။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်ကမ္ဘာမြေကြီးနှင့် မိုးမြေစပ်ကြားရှိသမျှအပေါင်းတို့ကို အစိုးရတော်မူ၏။ အလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင်တော် မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မရ်ယမ်၏ သားတော် မစီဟ် (အီစာ) ပင်ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်သောသူတို့ကား ဧကန်စင်စစ် သွေဖည်ငြင်းပယ်သူများ ဖြစ်ခဲ့ကြချေပြီ။ (အို- နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့ချေပ) ပြောဆိုပါလေ။ “(ဟယ်-အချင်းတို့) သို့ဖြစ်လျှင် အကယ်၍သာ ထိုအလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ကိုလည်းကောင်း၊ ထို‘မစီဟ်’၏ မယ်တော်ကိုလည်းကောင်း၊ ကမ္ဘာမြေပြင်ဝယ် ရှိရှိသမျှအားလုံးတို့ကို ဖျက်ဆီးလိုတော်မူပါလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက် ကန့်ကွက်နိုင်သူကား မည်သူရှိသနည်း။ အမှန်စင်စစ်သော်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကြီးကိုလည်းကောင်း၊ မိုးနှင့်မြေကြားရှိ အရာဝတ္ထုအားလုံးတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ စင်စစ်သော် ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။ |
Hashim Tin Myint “အလ္လာဟ်ဆိုသည်မှာ အမှန်စင်စစ် မရ်ယမ်၏သားတော် မစီဟ်(အီစာ)ပင်ဖြစ်သည်“ဟု ပြောဆိုခဲ့ကြသောသူများသည် အမှန်စင်စစ် သွေဖည်ငြင်းပယ်ခဲ့ကြပြီဖြစ်သည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ သို့ဖြစ်လျှင် အကယ်၍ အရှင်မြတ်က မရ်ယမ်၏သားတော်မစီဟ်၊ ၎င်း၏အမေနှင့် ကမာ္ဘမြေတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်တော်မူလိုလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်ကန့်ကွက်နိုင်မည့်သူ မည်သူရှိမည်နည်း။ ၎င်းပြင် မိုးကောင်းကင်များနှင့် မြေပထဝီသာမက မိုးနှင့်မြေကြားရှိသမျှအရာအားလုံးတို့ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုတော်ရှိရာကို ဖန်ဆင်းတော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |