×

(အို၊ ရစူလ်တမန်တော်) သူတို့အား အမှန်တရားနှင့်စပ်လျဉ်း၍ စံနမူနာယူဖွယ်ရာလုပ်ရပ်ကို လုပ်ဆောင်ခဲ့သော တမန်တော်အာဒမ်၏သားနှစ်ဦးအကြောင်း ရွတ်ပြလော့။ သူတို့နှစ်ဦးသည် စွန့်လှူမှုတစ်ခုစီကို ဆက်ကပ် လှူဒါန်းကြစဉ် 5:27 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:27) ayat 27 in Burmese

5:27 Surah Al-Ma’idah ayat 27 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 27 - المَائدة - Page - Juz 6

﴿۞ وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱبۡنَيۡ ءَادَمَ بِٱلۡحَقِّ إِذۡ قَرَّبَا قُرۡبَانٗا فَتُقُبِّلَ مِنۡ أَحَدِهِمَا وَلَمۡ يُتَقَبَّلۡ مِنَ ٱلۡأٓخَرِ قَالَ لَأَقۡتُلَنَّكَۖ قَالَ إِنَّمَا يَتَقَبَّلُ ٱللَّهُ مِنَ ٱلۡمُتَّقِينَ ﴾
[المَائدة: 27]

(အို၊ ရစူလ်တမန်တော်) သူတို့အား အမှန်တရားနှင့်စပ်လျဉ်း၍ စံနမူနာယူဖွယ်ရာလုပ်ရပ်ကို လုပ်ဆောင်ခဲ့သော တမန်တော်အာဒမ်၏သားနှစ်ဦးအကြောင်း ရွတ်ပြလော့။ သူတို့နှစ်ဦးသည် စွန့်လှူမှုတစ်ခုစီကို ဆက်ကပ် လှူဒါန်းကြစဉ် သူတို့အနက်မှ တစ်ဦး၏စွန့်လှူမှုမှာ သဘောတူလက်ခံခြင်းခံခဲ့ရပြီး ကျန်တစ်ဦး၏စွန့်လှူမှုမှာ သဘောတူလက်ခံခြင်း မခံရခဲ့ပေ။ ထိုအခါ (စွန့်လှူမှုအထမမြောက်သူက စွန့်လှူမှု အထ မြောက်သည့် သူအား) “ကျွန်ုပ်သည် သင့်ကို မုချ သတ်လိမ့်မည်။” ဟု ပြောခဲ့၏။ (စွန့်လှူမှုအထမြောက်သူက) “အလ္လာဟ်အရှင် မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာသူထံမှသာလျှင် (စွန့်လှူမှုကို) သဘောတူ လက်ခံတော်မူ၏။” ဟု ပြောခဲ့သည်။

❮ Previous Next ❯

ترجمة: واتل عليهم نبأ ابني آدم بالحق إذ قربا قربانا فتقبل من أحدهما, باللغة البورمية

﴿واتل عليهم نبأ ابني آدم بالحق إذ قربا قربانا فتقبل من أحدهما﴾ [المَائدة: 27]

Ba Sein
၂၇။ သို့သော် သူတို့အား တမန်တော်အာဒမ်နှင့် သားနှစ်ယောက်တို့၏အကြောင်းအရာကို မှန်ကန်စွာ ဟောကြားလော့။ သူတို့နှစ်ယောက်သည် အလ္လာဟ်အသျှင်မြတ်ထံ ကိုယ်စီကိုယ်ငှ ပူဇော်သက္ကာရ ပြုကြ၏။ တစ်ယောက်ထံမှ လက်ခံတော်မူ၏။ အခြားတစ်ယောက်ထံမှ လက်ခံတော်မမူပေ။ ထိုသူက သင့်ကို ငါအမှန်သတ်မည်ဟု ကြိမ်းမောင်း၏။ အခြားတစ်ယောက်က အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်အမှုအခင်းများကို ရှောင်ကြဉ်သူထံမှသာ လက်ခံတော်မူ၏ဟု ပြောကြား၏။
Ghazi Mohammad Hashim
၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်း မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည် (အလ္လာဟ်အရှင်မြတ်အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက် တစ်ဦး (ဖြစ်သော ညီတော်ဟာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်) ၏ သဘောတူတော်မူခြင်းခံရပြီး အခြားတစ်ဦး (ဖြစ်သောနောင်တော် ကာဗီလ်) ၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ်အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ ကာဗီလ်က ဟာဗီလ်အား) ‘ငါသည် အသင့်ကို မုချသတ်မည်” ဟုပြောဆိုခဲ့၏။ (ဟာဗီလ်က) “အလ္လာဟ်အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို) သဘောတူလက်ခံတော်မူပေသည်” ဟု ပြောကြားလေသည်။
Hashim Tin Myint
သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား (တမန်‌တော်)အာဒမ်၏ သား‌တော်နှစ်ဦး၏အ‌ကြောင်းကို မှန်ကန်စွာ ‌ပြောပြလိုက်ပါ။* တစ်ခါက ထိုသား‌တော်နှစ်ဦးသည် (အရှင်မြတ်အတွက်) အလှူပစ္စည်းတစ်ခု(စီ)ကို လှူဒါန်းမှုပြု‌သောအခါ သူတို့ထဲမှ တစ်ဦး(ဖြစ်သူ ညီ‌တော်)၏အလှူပစ္စည်းသည် (အရှင်မြတ်၏) လက်ခံသ‌ဘောတူ‌တော်မူခြင်းခံရသည်။ အခြားတစ်ဦး(ဖြစ်‌သော ‌နောင်‌တော်)၏အလှူပစ္စည်းမှာမူ (အရှင်မြတ်၏) လက်ခံသ‌ဘောတူ‌တော်မူခြင်းကို မခံခဲ့ရ‌ပေ။ (သို့ဖြစ်ရာ ‌နောင်‌တော်က ညီ‌တော်ကို) “ငါသည် အသင့်အား အမှန်ပင်သတ်မည်“ဟု ‌ပြောဆိုခဲ့သည်။ သူ(ညီ‌တော်က)‌ပြောသည်- “အလ္လာဟ်အရှင်မြတ်သည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများ၏ထံမှသာ (အလှူပစ္စည်းကို) သ‌ဘောတူလက်ခံ‌တော်မူသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek