×

(ထိုအခါ) အရှင်မြတ်က “(အို၊ မူဆာ) သူတို့ ထိုနယ်မြေထဲဝင်ရန် မိန့်တော်မူသည်ကို ဖီဆန်သည့်အတွက်) အသင်သည် ထိုစည်းမျဉ်းတော်ကို ချိုးဖောက်၍ အာခံဖီဆန်သော 5:26 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:26) ayat 26 in Burmese

5:26 Surah Al-Ma’idah ayat 26 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 26 - المَائدة - Page - Juz 6

﴿قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيۡهِمۡۛ أَرۡبَعِينَ سَنَةٗۛ يَتِيهُونَ فِي ٱلۡأَرۡضِۚ فَلَا تَأۡسَ عَلَى ٱلۡقَوۡمِ ٱلۡفَٰسِقِينَ ﴾
[المَائدة: 26]

(ထိုအခါ) အရှင်မြတ်က “(အို၊ မူဆာ) သူတို့ ထိုနယ်မြေထဲဝင်ရန် မိန့်တော်မူသည်ကို ဖီဆန်သည့်အတွက်) အသင်သည် ထိုစည်းမျဉ်းတော်ကို ချိုးဖောက်၍ အာခံဖီဆန်သော လူမျိုးယုတ်တို့အပေါ် ဝမ်းနည်းကြေကွဲခြင်း မရှိလေနှင့်။ အကြောင်းမှာ ထိုနယ်မြေသည် သူတို့အပေါ် နှစ်ပေါင်းလေးဆယ်အထိ တရားမဝင်အဖြစ် တားမြစ် ခြင်းခံရလိမ့်မည်ဖြစ်၍ သူတို့သည် ကမ္ဘာဂြိုဟ်၌ စိတ်ရှုပ်ထွေးလျက် တစ်ဝဲလည်လည် ခြေဦးတည့်ရာသို့ သွားရလိမ့်မည်။” ဟု မိန့်တော်မူ၏။

❮ Previous Next ❯

ترجمة: قال فإنها محرمة عليهم أربعين سنة يتيهون في الأرض فلا تأس على, باللغة البورمية

﴿قال فإنها محرمة عليهم أربعين سنة يتيهون في الأرض فلا تأس على﴾ [المَائدة: 26]

Ba Sein
၂၆။ သူတို့၏အသျှင်သခင်က အို-မူဆာ ထို့ကြောင့် သူတို့သည် ထိုမြေထူးမြေမြတ်ကို နှစ်ပေါင်းလေးဆယ် မုချဧကန် ဝင်ကြရမည်မဟုတ်ပေ။ သူတို့သည် ကမ္ဘာမြေပေါ်ဝယ် အယောင်ယောင်အမှားမှား လှည့်ပတ်သွားလာရမည်။ သို့ဖြစ်၍ ဒုစရိုက်မှုပြုကျင့်သူများကြောင့် စိတ်ပူဆွေးခြင်း မရှိလင့်။
Ghazi Mohammad Hashim
ထိုအခါဝယ် (အလ္လာဟ်အရှင်မြတ်ကမူ) “သို့ဖြစ်လျှင် ဧကန်စင်စစ် ထို (နယ်) မြေသည် ၎င်းတို့အဖို့ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ‘ဟရာမ်’ မြစ်တားထားပြီးဖြစ်ချေပြီ။ ၎င်းတို့သည် (ဤ သိနကျွန်းစွယ်၏ နယ်) မြေ၌ပင် တဝဲလည်လည် ဖြစ်ကြလတ္တံ့။ သို့ဖြစ်ပေရာ အသင် (နဗီတမန်တော်မူစာ) သည် (ဤ) စည်းကမ်းဖောက်ဖျက် အမိန့်တော်ကိုသွေဖည်ငြင်းဆန်သော လူမျိုးနှင့်ပတ်သက်၍ (လုံးဝ) ပူဆွေးဝမ်းနည်းခြင်း မရှိပါလေနှင့်” ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
Hashim Tin Myint
အရှင်မြတ်က မိန့်ကြား‌တော်မူသည်၊ “သို့ဖြစ်လျှင် အမှန်စင်စစ် ထိုနယ်‌မြေသည် သူတို့အတွက် နှစ်‌ပေါင်း‌လေးဆယ်တိုင် ပိတ်ဆို့တားမြစ်ခံလိုက်ရပြီဖြစ်သည်။ သူတို့သည် ဤ(သဲကနာ္တရကွင်းပြင်)ထဲ၌ပင် တဝဲလည်လည်ဖြစ်‌နေကြလိမ့်မည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်မူစာ)သည် စည်း‌ဖောက် အမိန့်ဖီဆန်‌သောလူမျိုးနှင့်ပတ်သက်၍ မပူ‌ဆွေးပါနှင့်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek