×

(သတ်ထားသည့် သူ့နောင်တော်၏အလောင်းအား မည်သို့ ဖျောက်ပစ်ရမည်ကို တွေဝေနေစဉ်) အလ္လာဟ်အရှင်မြတ်သည် သူ့နောင်တော်၏ရုပ်အလောင်းအား မည်သို့ ဖုံးအုပ်၍ ကွယ်ပျောက်စေနိုင်သည်ကို ပြသတော်မူရန်အလို့ငှာ မြေကြီး၌ 5:31 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:31) ayat 31 in Burmese

5:31 Surah Al-Ma’idah ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 31 - المَائدة - Page - Juz 6

﴿فَبَعَثَ ٱللَّهُ غُرَابٗا يَبۡحَثُ فِي ٱلۡأَرۡضِ لِيُرِيَهُۥ كَيۡفَ يُوَٰرِي سَوۡءَةَ أَخِيهِۚ قَالَ يَٰوَيۡلَتَىٰٓ أَعَجَزۡتُ أَنۡ أَكُونَ مِثۡلَ هَٰذَا ٱلۡغُرَابِ فَأُوَٰرِيَ سَوۡءَةَ أَخِيۖ فَأَصۡبَحَ مِنَ ٱلنَّٰدِمِينَ ﴾
[المَائدة: 31]

(သတ်ထားသည့် သူ့နောင်တော်၏အလောင်းအား မည်သို့ ဖျောက်ပစ်ရမည်ကို တွေဝေနေစဉ်) အလ္လာဟ်အရှင်မြတ်သည် သူ့နောင်တော်၏ရုပ်အလောင်းအား မည်သို့ ဖုံးအုပ်၍ ကွယ်ပျောက်စေနိုင်သည်ကို ပြသတော်မူရန်အလို့ငှာ မြေကြီး၌ ကုတ်ခြစ်တူးဆွနေသည့် ကျီးကန်းတစ်ကောင်ကို ပေါ်လာစေတော်မူ၏။ (ကျီးကန်း၏လှုပ် ရှားမှုကို မြင်သည့်အခါ) သူက “ဖြစ်မှဖြစ်ရပါလေ။ ကျွန်ုပ်မှာ ကျွန်ုပ်နောင်တော်၏ရုပ်အလောင်းအား ဖုံးအုပ်၍ ကွယ်ပျောက်စေရန် ဤကျီးကန်းကဲ့သို့ပင် စွမ်းဆောင်ရည် မရှိရသလော။” ဟု ညည်းညူခဲ့၏။ သို့ဖြင့် သူသည် စိတ်မကောင်းဖြစ်လျက် ယူကျုံးမရသူတို့မှ တစ်ဦးအပါအဝင် ဖြစ်သွား၏။

❮ Previous Next ❯

ترجمة: فبعث الله غرابا يبحث في الأرض ليريه كيف يواري سوأة أخيه قال, باللغة البورمية

﴿فبعث الله غرابا يبحث في الأرض ليريه كيف يواري سوأة أخيه قال﴾ [المَائدة: 31]

Ba Sein
၃၁။ ထိုအခါ အလ္လာဟ်အသျှင်မြတ်သည် သူ့အား မိမိညီ၏အလောင်းကို မည်သို့ဖုံးကွယ်ထားဖို့နည်းကို ပြသရန် တောကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူ၏။ ထိုကျီးကန်းသည် မြေကြီးကို တူးဆွပြ၏။ ထိုအခါ သူက ငါ့မှာဒုက္ခရောက်စေသော် ငါသည် ဤကျီးကန်းလောက်မှ မစွမ်းဆောင်နိုင်သလော။ ငါ့ညီ၏အလောင်းကိုမှ ဝှက်မထားနိုင်သလောဟု ညည်းညူ၏။ ထို့နောက်သူသည် သတိသံဝေဂ ရ၏။
Ghazi Mohammad Hashim
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူခဲ့လေ၏။ ထိုကျီးကန်းသည် ၎င်း (ကာဗီလ်) အား မိမိညီတော် (ဟာဗီလ်) ၏ ရုပ်ကလာပ်ကို မည်သို့မည်ပုံ (မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်ရမည်ကို ပြသရန်အလို့ငှာ မြေကြီးကို ကုတ်ခြစ်တူးဆွလေသည်။ ထိုအခါ ယင်း (ကာဗီလ်) က “ဪ ငါသည် ဤကျီးကန်းကဲ့သို့ပင် မဖြစ်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွတကား။ အကယ်၍သာ (ယင်းကျီးကန်းကဲ့သို့) ဖြစ်နိုင်ခဲ့မူ ငါသည် မိမိညီတော် (ဟာဗီလ်) အား (မြေကြီးတူး၍မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်နိုင်မည်သာဖြစ်ချေသည်” ဟု ပြောဆို (ညည်းညူမြီတမ်း) ခဲ့လေသည်။ ထို့နောက် ၎င်း (ကာဗီလ်) သည် နောင်တရသူတို့တွင် အပါအဝင်ဖြစ်လေသတည်း။
Hashim Tin Myint
ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်‌ကောင်ကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထိုကျီးကန်းသည် သူ့အား သူ၏ညီ‌တော်၏ရုပ်အ‌လောင်းကို မည်သို့(မြှုပ်နှံ) ဖုံးအုပ်ရမည်နည်းဆိုသည်ကိုပြသရန် ‌မြေကြီးကို ကုတ်ခြစ်တူးဆွသည်။ (ထိုအခါ)သူက ‌ပြောဆိုခဲ့သည်- ‌ဪ- ငါသည် ဤကျီးကန်းကဲ့သို့ မဖြစ်နိုင်သည်မှာ ဝမ်းနည်းစရာ‌ကောင်း‌လေစွ။ အကယ်၍သာ ထိုကဲ့သို့ဖြစ်နိုင်ခဲ့လျှင် ငါသည် ငါ၏ညီ‌တော်၏ရုပ်အ‌လောင်းကို မည်သို့(မြှုပ်နှံ) ဖုံးအုပ်လျှို့ဝှက်နိုင်မည်ဖြစ်သည်။“ ထို့‌နောက် သူသည် ‌နောင်တရသူများထဲတွင် ဖြစ်သွားခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek