Quran with Burmese translation - Surah Al-Ma’idah ayat 30 - المَائدة - Page - Juz 6
﴿فَطَوَّعَتۡ لَهُۥ نَفۡسُهُۥ قَتۡلَ أَخِيهِ فَقَتَلَهُۥ فَأَصۡبَحَ مِنَ ٱلۡخَٰسِرِينَ ﴾
[المَائدة: 30]
﴿فطوعت له نفسه قتل أخيه فقتله فأصبح من الخاسرين﴾ [المَائدة: 30]
Ba Sein ၃ဝ။ သို့သော် တစခြားသူမှာ မိမိ၏စိတ်လှုံ့ဆော်မှုကြောင့် မိမိညီကိုသတ်ပြီးလျှင် ဆုံးရှုံးပျက်စီးသူတို့တွင် တစ်ဦးဖြစ်သွားလေ၏။ |
Ghazi Mohammad Hashim ထို့နောက် ထို (ကာဗီလ်) ၏ စိတ်သည် ၎င်းအား မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပေရာ ယင်း (ကာဗီလ်) သည် မိမိညီတော် (ဟာဗီလ်) ကို သတ်ဖြတ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းသည် ကျိုးယုတ်ပျက်ပြားသူတို့အနက် အပါအဝင်ဖြစ်သွားခဲ့လေသတည်း။ |
Hashim Tin Myint ထို့နောက် သူ(နောင်တော်)၏စိတ်သည် သူ့ကို သူ၏ညီတော်အား သတ်ဖြတ်ရန် တိုက်တွန်းခဲ့သည့်အတွက် သူသည် သူ၏ညီတော်ကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ သူသည် ပျက်စီးဆုံးရှုံးသူများထဲတွင် ဖြစ်သွားတော့သည်။ |