Quran with Burmese translation - Surah Al-Ma’idah ayat 32 - المَائدة - Page - Juz 6
﴿مِنۡ أَجۡلِ ذَٰلِكَ كَتَبۡنَا عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ أَنَّهُۥ مَن قَتَلَ نَفۡسَۢا بِغَيۡرِ نَفۡسٍ أَوۡ فَسَادٖ فِي ٱلۡأَرۡضِ فَكَأَنَّمَا قَتَلَ ٱلنَّاسَ جَمِيعٗا وَمَنۡ أَحۡيَاهَا فَكَأَنَّمَآ أَحۡيَا ٱلنَّاسَ جَمِيعٗاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُنَا بِٱلۡبَيِّنَٰتِ ثُمَّ إِنَّ كَثِيرٗا مِّنۡهُم بَعۡدَ ذَٰلِكَ فِي ٱلۡأَرۡضِ لَمُسۡرِفُونَ ﴾ 
[المَائدة: 32]
﴿من أجل ذلك كتبنا على بني إسرائيل أنه من قتل نفسا بغير﴾ [المَائدة: 32]
| Ba Sein ၃၂။ ထိုအကြောင်းကြောင့် ငါအသျှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့အပေါ်တွင် အကြင်သူသည် လူသတ်မှုကြောင့်သော်လည်းကောင်း၊ မြေပေါ်ဝယ် ဖျက်ဆီးဆုံးရှုံးစေမှုကြောင့်သော်လည်းကောင်း၊ မဟုတ်ဘဲ တစ်ပါးသူကိုသတ်အံ့။ ထိုသူသည် လူသားအပေါင်းတို့ကို သတ်ဖြတ်သည်ဟုမှတ်ယူကြ လော့။ အကြင်သူသည် သူတစ်ပါး၏အသက်ကို ကယ်ဆယ်အံ့။ ထိုသူတို့သည် လူသားအပေါင်းတို့၏ အသက်ကို ကယ်ဆယ်သည်ဟု ပညတ်တော်မူ၏။ ရှေးကာလက ငါအသျှင်မြတ်၏တမန်တော်များ သည် သူတို့ထံသို့ ငါသည် အချုပ်အခြာအာဏာပိုင်သတော်မူသော အထွဋ်အခေါင်ဖြစ်ကြောင်း ထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာကြ၏။ သို့ပါလျက် သူတို့အနက် များလှစွာသောသူတို့သည် ကမ္ဘာမြေတစ်လျှောက် လွန်ကျူးပြစ်မှားသူများဖြစ်ကြ၏။ | 
| Ghazi Mohammad Hashim ထို့အတွက်ကြောင့်ပင် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့အပေါ်၌ (ဤသို့) အမိန့်ပြဌာန်းတော်မူခဲ့လေသည်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်) ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင် ထိုသူသည် လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတစ်ယောက်ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအားဖြင့်) အသက်ရှင်စေခဲ့ပါမူ ထိုသူသည် လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ ၎င်းအပြင် ငါအရှင်မြတ်၏ ရစူလ်တမန်တော်များသည် ထို (အစ္စရာအီလီလူမျိုး) တို့ထံ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များ၊ သက်သေလက္ခဏာတော်များနှင့်တကွ မုချ ရောက်ရှိလာခဲ့ကြလေ၏။ သို့ပါလျက်နှင့်ပင် ယင်း (အစ္စရာအီလီလူမျိုး) တို့တွင် များစွာသောသူတို့သည် တိုင်းပြည်၌ စည်းကမ်းဖောက်ဖျက် ကျူးလွန်လျက်နေကြပေမည်။ | 
| Hashim Tin Myint ထို့အတွက်ကြောင့်ပင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များအပေါ်တွင် (ဤသို့) အမိန့်ပြဋ္ဌာန်းတော်မူခဲ့သည်။ အမှန်စင်စစ် မည်သူမဆို တစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်ဘဲ၊ တိုင်းပြည်တွင် ဆူပူသောင်းကျန်းခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရား)သတ်ခဲ့လျှင် ထိုသူသည် လူများအားလုံးအား သတ်သကဲ့သို့ဖြစ်သည်။ ထို့ပြင် မည်သူမဆို တစ်ဦးတစ်ယောက်အား (ကယ်တင်)အသက်ရှင်စေခဲ့လျှင် ထိုသူသည် လူများအားလုံးအား အသက်ရှင်စေသကဲ့သို့ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်၏တမန်တော်များသည် ထို(အစ္စရာအီလ်လူမျိုး)များထံသို့ ထင်ရှားသောအမိန့်ပညတ်များ၊ သက်သေလက္ခဏာများနှင့်အတူ အမှန်ပင် ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ထိုသူများထဲမှ မြောက်မြားစွာသောသူတို့သည် တမန်တော်များရောက်လာပြီးနောက် တိုင်းပြည်၌ အမှန်ပင် စည်းဖောက်ကျူးလွန်သူများအဖြစ် ရှိကြသေးသည်။ |