Quran with Burmese translation - Surah Al-Ma’idah ayat 42 - المَائدة - Page - Juz 6
﴿سَمَّٰعُونَ لِلۡكَذِبِ أَكَّٰلُونَ لِلسُّحۡتِۚ فَإِن جَآءُوكَ فَٱحۡكُم بَيۡنَهُمۡ أَوۡ أَعۡرِضۡ عَنۡهُمۡۖ وَإِن تُعۡرِضۡ عَنۡهُمۡ فَلَن يَضُرُّوكَ شَيۡـٔٗاۖ وَإِنۡ حَكَمۡتَ فَٱحۡكُم بَيۡنَهُم بِٱلۡقِسۡطِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ ﴾
[المَائدة: 42]
﴿سماعون للكذب أكالون للسحت فإن جاءوك فاحكم بينهم أو أعرض عنهم وإن﴾ [المَائدة: 42]
Ba Sein ၄၂။ ထိုသူတို့သည် မုသားစကားကြားရမလားဟု နားထောင်ကြ၏။ မတရားသောအကျိုးစီးပံားကို တပ်မက်မောကြ၏။ အကယ်၍ သူတို့သည် သင့်ထံ ခစားလာကြလျှင် လူတို့အလယ်တွင် စစ်ကြော စီရင်ပေးလော့။ သို့မဟုတ် ငြင်းပယ်လော့။ အကယ်၍ သင်သည် သူတို့ကိုလက်မခံလျှင် သူတို့သည် သင့်အား လုံးဝဘေးမပြုနိုင်ကြပေ။ သို့သော် သင်သည် သူတို့စပ်ကြားတွင် စီရင်လျှင် တရားမျှတ ဖြောင့်မတ်စွာ စီရင်လော့။ မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် တရားမျှတမှန်ကန်သူတို့ကို ချစ်မြတ်နိုးတော်မူ၏။ |
Ghazi Mohammad Hashim ယင်း (ယဟူဒီ) တို့သည် မဟုတ်မမှန်မုသားကို အလွန်တရာမျှပင် နာယူလက်ခံသောသူများ၊ (အလ္လာဟ်အရှင်မြတ် က) ဟရာမ် (ဟူ၍ မြစ်တားထားတော်မူသော တံဆိုးလက်ဆောင် အစရှိသည်) ကို အလွန်တရာမျှ စားသုံးသူများပင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူတို့သည် အသင်၏ထံသို့ (မိမိတို့၏အမှုအခင်းများကို စီရင်ဆုံးဖြတ်စေခြင်းငှာ) လာရောက်ကြပါမူ အသင်သည် ၎င်းတို့၏စပ်ကြား၌ (တရားစစ်ဆေးစီရင်လိုက) စစ်ဆေးစီရင်ပါလေ။ သို့တည်းမဟုတ် (တရားစီရင် စစ်ဆေးပိုင်ခွင့်မရှိဟူ၍) ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်၍နေပါလေ။ အကယ်၍ အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်ပါမူ ၎င်းတို့သည် အသင့်အား လုံးဝ အကျိုးယုတ် နစ်နာစေနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်သည် တရားစစ်ဆေးစီရင်သည်ရှိသော်၊ ၎င်းတို့၏စပ်ကြား၌ တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလေ။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူခြင်းကြောင့်ပင်တည်း။ |
Hashim Tin Myint ထို(ယဟူဒီ)များသည် မုသားကို အလွန်နားထောင်သူများ၊ ဟရာမ်တားမြစ်ထားသော(တံစိုးလက်ဆောင်စသည့်)အရာများကို အလွန်စားသုံးသောသူများဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် အသင်(တမန်တော့်)ထံသို့ (အဆုံးမဖြတ်ခံယူရန်) လာရောက်ကြလျှင် အသင်သည် သူတို့၏ကြား၌ (စီရင်စစ်ဆေးလိုလျှင်)စစ်ဆေးစီရင်ပါ၊ သို့မဟုတ် (မစစ်ဆေးမစီရင်လိုလျှင်)သူတို့ဘက်မှ မျက်နှာလွှဲပြီးနေလိုက်ပါ။ အကယ်၍ အသင်သည် သူတို့ဘက်မှ မျက်နှာလွှဲနေလျှင်လည်း သူတို့သည် အသင့်အား မည်သည့်အရာမှ နစ်နာအောင် လုံးဝလုပ်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ အသင်သည် စစ်ဆေးစီရင်မည်ဆိုလျှင် သူတို့၏စပ်ကြားတွင် မျှတစွာ စီရင်ဆုံးဖြတ်ပါ။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူများအား ချစ်ခင်မြတ်နိုးတော်မူသည်။ |