×

သို့ရာတွင် သူတို့လက်ဝယ်၌ အလ္လဟ်အရှင်မြတ်၏အမိန့်တော်များပါဝင်နေသော တောင်ရတ်ကျမ်းရှိ နေပါလျှက် ထိုသူတို့သည် အသင့်အား တရားသူကြီးအဖြစ် ခန့်အပ်၍ ပြဿနာကို ဖြေရှင်းစေပြီးနောက်တွင် ယင်းဆုံဖြတ်ချက်ကို 5:43 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:43) ayat 43 in Burmese

5:43 Surah Al-Ma’idah ayat 43 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 43 - المَائدة - Page - Juz 6

﴿وَكَيۡفَ يُحَكِّمُونَكَ وَعِندَهُمُ ٱلتَّوۡرَىٰةُ فِيهَا حُكۡمُ ٱللَّهِ ثُمَّ يَتَوَلَّوۡنَ مِنۢ بَعۡدِ ذَٰلِكَۚ وَمَآ أُوْلَٰٓئِكَ بِٱلۡمُؤۡمِنِينَ ﴾
[المَائدة: 43]

သို့ရာတွင် သူတို့လက်ဝယ်၌ အလ္လဟ်အရှင်မြတ်၏အမိန့်တော်များပါဝင်နေသော တောင်ရတ်ကျမ်းရှိ နေပါလျှက် ထိုသူတို့သည် အသင့်အား တရားသူကြီးအဖြစ် ခန့်အပ်၍ ပြဿနာကို ဖြေရှင်းစေပြီးနောက်တွင် ယင်းဆုံဖြတ်ချက်ကို ဆန့်ကျင်၍ မည်သို့ရှောင်ပြေးနေကြသနည်း။ အမှန်စင်စစ်၊ ထိုသူတို့သည် (ယုံကြည်မှု ဆိုင်ရာမဏ္ဌိုင်နှင့်အညီ) ယုံကြည်ကြသူများ မဟုတ်ကြချေ။

❮ Previous Next ❯

ترجمة: وكيف يحكمونك وعندهم التوراة فيها حكم الله ثم يتولون من بعد ذلك, باللغة البورمية

﴿وكيف يحكمونك وعندهم التوراة فيها حكم الله ثم يتولون من بعد ذلك﴾ [المَائدة: 43]

Ba Sein
၄၃။ မိမိတို့ထံတွင် တောင်ရတ်ကျမ်းတော်ရှိပ်လျှက် သူတို့သည် သင့်ထံသို့ အဘယ်ကြောင့် တရားဆုံးဖြတ် ဖို့ရာ လာကြသနည်။ ထိုကျမ်းတော်တွင် သူတို့အတွက် အလ္လာဟ်အသျှင်မြတ်သည် စီရင်ချက် ချပေးသနားတော်မူပြီ။ ထိုသို့ ကျေးဇူးကြီးပါလျက် သူတို့သည် တရားတော်ကို ကျောခိုင်းသွားကြ၏။ ဤလူများသည် ယုံကြည်သူများမဟုတ်ကြပေ။
Ghazi Mohammad Hashim
၄င်းအပြင် ထိုသူတို့သည် အသင့်အား အဘယ်ကဲ့သို့ ခုံသမာဓိတင်မြှောက်ကြပါသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံဝယ် တောင်ရာတ်ကျမ်းလည်းရှိ၏။ ယင်းတောင်ရာတ်ကျမ်းတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်လည်းပါရှိ၏။ တစ်ဖန် ထို (ကဲ့သို့ အသင့်အား ခုံသမာဓိတင်မြှောက်ပြီး) နောက် ယင်းသူတို့သည် (အသင်၏ တရားစစ်ဆေးစီရင်ချက်မှ) မျက်နှာလွှဲဖယ်သွားကြပြန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ အလျင်းမဟုတ်ကြချေ။ (ရကူ)
Hashim Tin Myint
ထို့ပြင် သူတို့သည် မည်ကဲ့သို့ အသင်(တမန်‌တော်)အား ခုံသမာဓိ တင်‌မြှောက်ကြမည်နည်း။ ၎င်းပြင် သူတို့ထံတွင် ‌သောင်ရာသ်ကျမ်းလည်းရှိသည်။ ၎င်းထဲ၌ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်လည်းပါရှိသည်။ ထို(ကဲ့သို့ ဆုံးဖြတ်မှုခံယူပြီး‌နောက် ထပ်မံ၍ သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်ကြဘဲလျက် (အသင်၏ဆုံးဖြတ်ချက်မှ) သူတို့သည် မျက်နှာလွှဲသွားကြပြန်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek