×

ထို့ပြင် ငါအရှင်မြတ်သည် အသင်တမန်တော်ထံသို့ တောင်ရတ်ကျမ်းတော်မှ သူတို့လက်ဝယ်၌ ကျန်ရှိနေသောအရာ (သို့မဟုတ် အချက်အလက်များအား မှန်၊ မမှန်ဟူသည်) ကို အတည်ပြုဖြောင့်မှန်စေသည့် 5:48 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:48) ayat 48 in Burmese

5:48 Surah Al-Ma’idah ayat 48 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 48 - المَائدة - Page - Juz 6

﴿وَأَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلۡكِتَٰبِ وَمُهَيۡمِنًا عَلَيۡهِۖ فَٱحۡكُم بَيۡنَهُم بِمَآ أَنزَلَ ٱللَّهُۖ وَلَا تَتَّبِعۡ أَهۡوَآءَهُمۡ عَمَّا جَآءَكَ مِنَ ٱلۡحَقِّۚ لِكُلّٖ جَعَلۡنَا مِنكُمۡ شِرۡعَةٗ وَمِنۡهَاجٗاۚ وَلَوۡ شَآءَ ٱللَّهُ لَجَعَلَكُمۡ أُمَّةٗ وَٰحِدَةٗ وَلَٰكِن لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۖ فَٱسۡتَبِقُواْ ٱلۡخَيۡرَٰتِۚ إِلَى ٱللَّهِ مَرۡجِعُكُمۡ جَمِيعٗا فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ﴾
[المَائدة: 48]

ထို့ပြင် ငါအရှင်မြတ်သည် အသင်တမန်တော်ထံသို့ တောင်ရတ်ကျမ်းတော်မှ သူတို့လက်ဝယ်၌ ကျန်ရှိနေသောအရာ (သို့မဟုတ် အချက်အလက်များအား မှန်၊ မမှန်ဟူသည်) ကို အတည်ပြုဖြောင့်မှန်စေသည့် ကျမ်းတော်မြတ်ကုရ်အာန်ကို အမှန်တရားသစ္စာနှင့်အတူ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူပြီး အသင့်အား (စစ်မှန် သောသွန်သင်မှုအားလုံးနှင့်ဆိုင်သော) ယင်းအမှန်တရားသစ္စာအပေါ် ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးအဖြစ် ခန့်အပ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် (သူတို့အချင်းချင်းစပ်ကြားရှိ ပြဿနာများကို ဖြေရှင်းရာ၌) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် (ကျမ်းတော်) နှင့်အညီ စီရင်ဆုံးဖြတ်လော့။ (သတိထားသင့်သည်မှာ) အသင့်ထံရောက်လာသည့် အမှန်တရားသစ္စာမှ လွှဲချော်၍ သူတို့၏အလိုဆန္ဒရမ္မက် နောက်သို့ မလိုက်မိပါစေနှင့်။ ငါအရှင်မြတ်သည် (ယခင်က လူမျိုးတိုင်းအတွက် တမန်တော်များစေလွှတ်၍ ဘဝတည်ဆောက်ရေးနည်းစနစ်များကို သွန်သင်စေသကဲ့သို့) အသင်တို့အနက်မှဖြစ်သော လူ့အသိုင်းအဝိုင်းတိုင်းတွင်လည်း သူတို့၏ယဉ်ကျေးမှုနှင့်အခြေအနေပေါ်မူတည်၍ ရှရီယသ်တရားဥပဒေကိုယ်စီနှင့်လူနေမှုဘဝပေါ် အခြေခံသည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ကိုယ်စီ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏ စည်းမျဉ်းနှင့်အညီ) အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို တစ်ခုတည်းသော လူ့အသိုင်းအဝိုင်းအဖြစ် မုချပင် ဖွဲ့စည်ဖြစ်ပေါ်စေတော်မူနိုင်၏။ သို့ရာတွင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်က (ငါအရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်) တရားတော်၌ အသင်တို့အနက်မှ (မည်သူတို့က မြဲမြံစွာ ရပ်တည်ကြသည်နှင့်စပ်လျဉ်း၍) အသင်တို့အား စမ်းသပ်တော်မူရန်သာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လူသားအကျိုးပြုလုပ်ငန်း၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ ချို့တဲ့ဆင်းရဲသူတို့အား ရိုင်းပင်း ကူညီရေး၊ စသော) ကောင်းမှုကုသိုလ်များတွင် သူ့ထက်ငါသာအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးပမ်းကြလော့။ အကြောင်းမှာ အသင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည် ရောက်ရှိကြရမည် ဖြစ်ပြီ ထိုသို့ရောက်ရှိစဉ် ထိုအရှင်မြတ်သည် အသင်တို့ ကွဲလွဲခဲ့ကြကုန်သော (အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍) အသင်တို့အား အသေးစိတ် အသိပေးတော်မူမည်ဖြစ်၏။

❮ Previous Next ❯

ترجمة: وأنـزلنا إليك الكتاب بالحق مصدقا لما بين يديه من الكتاب ومهيمنا عليه, باللغة البورمية

﴿وأنـزلنا إليك الكتاب بالحق مصدقا لما بين يديه من الكتاب ومهيمنا عليه﴾ [المَائدة: 48]

Ba Sein
၄၈။ အို-တမန်တော် သင့်အား ငါအသျှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်ပင်ထုတ်ပြန် ချပေးတော်မူ၏။ ဤကျမ်းတော်သည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။ ရှေးကျမ်းတော်များကို စောင့်ထန်းရ၏။ ထို့ကြောင့် သင်သည် သူတို့စပ်ကြားတွင် ကုရ်အာန်ကျမ်းပါ တရားတော်အတိုင်း စီရင်ဆုံးဖြတ်လော့။ မိမိအထံရောက်ရှိလာသောတရားတော်ကိုပယ်၍ ထိုသူတို့၏အလိုများသို့ မလိုက်လင့်။ လူမျိုးအသီးသီးတို့အား ငါအသျှင်မြတ်သည် ကျမ်းတော် တစ်စောင်နှင့် တရားလမ်းကြောင်းတစ်ကြောင်းစီ ပေးသနားတော်မူပြီ။ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိခဲ့အခါလျှင် အသင်တို့အားလုံးကို လူမျိုးတစ်မျိုး၊ အသင်းတစ်သင်းတည်းဖြစ်အောင် စီရင်စွမ်းနိုင်တော်မူ၏။ သို့သော် သင်တို့ကို သင်တို့အား ပေးသနားတော်မူသော ကျမ်းတော်အားဖြင့် စုံစမ်းဖို့ရာ သင်တို့ကို ယခုအတိုင်း လူမျိုးခွဲခြားထားတော်မူ၏။ ထို့ကြောင့် သင်တို့သည် သုစရိုက် ကောင်းမှုများ၌ ပြိုင်ဆိုင်ကြိုးစားအားထုတ်ကြလော့။ အလ္လာဟ်အသျှင်မြတ်၏အထံတော်သို့ သင်တို့ အားလုံး ပြန်ကြရလိမ့်မည်။ ထိုအခါ ကွဲခြားခြားနားမှုကို ရှင်းလင်းပြတော်မူလိမ့်မည်။
Ghazi Mohammad Hashim
၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော့်)ထံသို့ မှန်ကန်‌သောကျမ်း‌တော်မြတ်(ကုရ်အာန်)ကို ချ‌ပေး‌တော်မူခဲ့သည်။ (ထိုကျမ်းသည်) ၎င်းမတိုင်မီရှိခဲ့‌သောကျမ်းများအား ‌ထောက်ခံလျက်ရှိသည့်*အပြင် ထိုကျမ်းများကိုလည်း ထိန်းသိမ်း‌စောင့်‌ရှောက်လျက်ရှိသည်။ ထို့‌ကြောင့် အသင်သည် သူတို့၏ကြားတွင် အလ္လာဟ်အရှင်မြတ် ချမှတ်ထားသည့်အတိုင်း စီရင်ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် အသင်၏ထံသို့ ‌ရောက်ရှိလာ‌သော မှန်ကန်သည့်ကျမ်းကိုစွန့်ပြီး သူတို့၏အလိုဆန္ဒများကို မလိုက်ပါနှင့်။ ငါအရှင်မြတ်သည် အသင်တို့ထဲမှ ကိုယ်စီ ကိုယ်စီအတွက် ဥပ‌ဒေနှင့် လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်း‌တော်မူခဲ့သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့ကို သာသနာဝင်အုပ်စုတစ်ခုတည်း ဖြစ်‌စေ‌တော်မူခဲ့မည် အမှန်ပင်။ သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်ပြဋ္ဌာန်း‌တော်မူသည်နှင့်ပတ်သက်၍ အသင်တို့အား စမ်းသပ်‌တော်မူရန်အတွက် (ထိုကဲ့သို့ အုပ်စုတစ်ခုတည်း မပြုလုပ်ခဲ့ခြင်းဖြစ်သည်)။ ထို့‌ကြောင့် အသင်တို့သည် ‌ကောင်းမှုများကို သူ့ထက်ငါသာ‌အောင် အလျင်အမြန် ပြုလုပ်ကြပါ။ အသင်တို့အားလုံး၏ ပြန်လည်‌ရောက်ရှိရာ‌နေရာသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကွဲလွဲခဲ့ကြသည့် (အဓိကယုံကြည်ရမည့်) အ‌ကြောင်းအရာများနှင့်ပတ်သက်၍ အသင်တို့အား အသိ‌ပေး‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek