Quran with Burmese translation - Surah Al-Ma’idah ayat 49 - المَائدة - Page - Juz 6
﴿وَأَنِ ٱحۡكُم بَيۡنَهُم بِمَآ أَنزَلَ ٱللَّهُ وَلَا تَتَّبِعۡ أَهۡوَآءَهُمۡ وَٱحۡذَرۡهُمۡ أَن يَفۡتِنُوكَ عَنۢ بَعۡضِ مَآ أَنزَلَ ٱللَّهُ إِلَيۡكَۖ فَإِن تَوَلَّوۡاْ فَٱعۡلَمۡ أَنَّمَا يُرِيدُ ٱللَّهُ أَن يُصِيبَهُم بِبَعۡضِ ذُنُوبِهِمۡۗ وَإِنَّ كَثِيرٗا مِّنَ ٱلنَّاسِ لَفَٰسِقُونَ ﴾
[المَائدة: 49]
﴿وأن احكم بينهم بما أنـزل الله ولا تتبع أهواءهم واحذرهم أن يفتنوك﴾ [المَائدة: 49]
Ba Sein ၄၉။ ထို့ကြောင့် သူတို့အလယ်၌ အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသည့်ကျမ်းတော်အတိုင်း စီရင်ဆုံးဖြတ်လော့။ ၎င်းတို့၏ဆန္ဒအလိုသို့ မလိုက်စားလင့်။ သို့သော် သင့်အား အလ္လာဟ်အသျှင် မြတ် ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်၏ဂါထာအချို့မှ သင့်ကို သူတို့ဖြားယောင်း သွေးဆောင်မသွားရအောင် အထူးသတိပြုလော့။ အကယ်၍ သူတို့သည် တရားတော်ကို လက်မခံဘဲ လှည့်သွားကြလျှင် အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ အပြစ်အချို့များအတွက် အပြစ်ဒဏ်ခတ်တော်မူရန် ရည်ရွယ်တော်မူသည်ကို သိနားလည်လော့။ မှတ်သားလော့။ လူသားတို့ အနက် များစွာသောသူတို့သည် ဒုစရိုက်မှု ကျူးလွန်သူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်က အသင့်ထံ ထုတ်ပြန်ချမှတ်ပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်စပ်လျဉ်း၍ ထိုသူတို့သည် အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍ ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှုဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက၌ပင်) ပြစ်ဒဏ်ပေးလိုတော်မူကြောင်း အသင် ကောင်းစွာမှတ်ယူပါလေ။ အမှန်စင်စစ်သော်ကား လူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ်အရှင်မြတ်၏) စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန်သူများပင် ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အသင်သည် သူတို့၏ကြားတွင် အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် သူတို့၏အလိုဆန္ဒများကို မလိုက်ပါနှင့်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က အသင့်ထံသို့ချပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်ပတ်သက်၍ သူတို့သည် အသင့်အား ချွတ်ချော်သွားအောင်လုပ်မည်ကို အသင် သတိထားပါ။ ထို့နောက် အကယ်၍ သူတို့သည် (မလိုက်နာဘဲ) မျက်နှာလွှဲသွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အချို့ပြစ်မှုများကြောင့် သူတို့အား ပြစ်ဒဏ်ပေးလိုတော်မူခြင်းဖြစ်သည်ဟု အသင် မှတ်ယူလိုက်ပါ။ ထို့ပြင် အမှန်စင်စစ် လူများထဲမှ အမြောက်အမြားသည် (အရှင်မြတ်၏)စည်းကမ်းကို အမှန်ပင် ဖောက်ဖျက်ကြသောသူများ ဖြစ်ကြသည်။ |