×

ထို့ပြင် အိန်ဂျီလ်ကျမ်းရပုဂ္ဂိုလ်တို့အနေဖြင့် ယင်းကျမ်းတော်၌ အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရန် မိန့်တော်မူခဲ့။ စင်စစ်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်း 5:47 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:47) ayat 47 in Burmese

5:47 Surah Al-Ma’idah ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 47 - المَائدة - Page - Juz 6

﴿وَلۡيَحۡكُمۡ أَهۡلُ ٱلۡإِنجِيلِ بِمَآ أَنزَلَ ٱللَّهُ فِيهِۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ﴾
[المَائدة: 47]

ထို့ပြင် အိန်ဂျီလ်ကျမ်းရပုဂ္ဂိုလ်တို့အနေဖြင့် ယင်းကျမ်းတော်၌ အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရန် မိန့်တော်မူခဲ့။ စင်စစ်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်း မပြုခဲ့သော်၊ ထိုသူတို့သည် အရှင့်အမိန့်တော်များကို အာခံဖီဆန်သော ယုတ်မာသူများ ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: وليحكم أهل الإنجيل بما أنـزل الله فيه ومن لم يحكم بما أنـزل, باللغة البورمية

﴿وليحكم أهل الإنجيل بما أنـزل الله فيه ومن لم يحكم بما أنـزل﴾ [المَائدة: 47]

Ba Sein
၄၇။ အင်ဂျီလ်ကျမ်းတော်ရရှိသူအပေါင်းတို့သည် ထိုကျမ်းတော်တွင်ပါရှိသော အသျှင်မြတ်၏ဗျာဒိတ်တော် အတိုင်း ကျင့်ကြံဆုံးဖြတ်ရမည်။ အကြင်သူတို့သည် အသျှင်မြတ်ချပေးသနားတော်မူသော ထိုကျမ်းတော်အတိုင်း မစီရင်မဆုံးဖြတ်ကြ။ ထိုသူများသည် ဒုစရိုက်မှုများကို ကျုးလွန်သူတို့ ဖြစ်ကြ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ အီန်ဂျီလ်ကျမ်းတော်ကို ရရှိသောသူတို့သည်လည်း ယင်း အီန်ဂျီလ်ကျမ်းတော်တွင် အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်တော်မူသည့်အတိုင်း စီရင်ကြရပေမည်။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့သော် ထိုကဲ့သို့သောသူများသည် အမိန့်တော်ကို ကျူးလွန်ဖေါက်ဖျက်သောသူများပင်တည်း။
Hashim Tin Myint
ထို့ပြင် အင်ဂျီလ်ကျမ်းကိုရရှိ‌သောသူများသည်လည်း ထိုကျမ်းထဲ၌ အလ္လာဟ်အရှင်မြတ်က ချမှတ်ထားသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ချမှတ်‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများသည် ဖာစိက် စည်းကမ်း‌ဖောက်ဖျက်သူများပင် ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek