Quran with Burmese translation - Surah Al-Ma’idah ayat 56 - المَائدة - Page - Juz 6
﴿وَمَن يَتَوَلَّ ٱللَّهَ وَرَسُولَهُۥ وَٱلَّذِينَ ءَامَنُواْ فَإِنَّ حِزۡبَ ٱللَّهِ هُمُ ٱلۡغَٰلِبُونَ ﴾
[المَائدة: 56]
﴿ومن يتول الله ورسوله والذين آمنوا فإن حزب الله هم الغالبون﴾ [المَائدة: 56]
Ba Sein ၅၆။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်၊ အသျှင်မြတ်၏တမန်တော်နှင့် ယုံကြည်သူတို့အား မိတ်ဖွဲ့၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ဘက်တော်သားတို့ဖြစ်၍ ဧကန်အောင်နိုင်သူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သောသူများသည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြပေသတည်း။ (ရကူ) |
Hashim Tin Myint ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်တော်နှင့် အကြင်အီမာန်ယုံကြည်သူများအား မိတ်ဆွေပြုလုပ်ကြလျှင် (ထိုသူများသည် အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြသည်)၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများသာ အောင်မြင်သူများဖြစ်ကြသည်။ |