Quran with Burmese translation - Surah Al-Ma’idah ayat 57 - المَائدة - Page - Juz 6
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلَّذِينَ ٱتَّخَذُواْ دِينَكُمۡ هُزُوٗا وَلَعِبٗا مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَٱلۡكُفَّارَ أَوۡلِيَآءَۚ وَٱتَّقُواْ ٱللَّهَ إِن كُنتُم مُّؤۡمِنِينَ ﴾
[المَائدة: 57]
﴿ياأيها الذين آمنوا لا تتخذوا الذين اتخذوا دينكم هزوا ولعبا من الذين﴾ [المَائدة: 57]
Ba Sein ၅၇။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မိမိ၏ဘာသာတရားကို ပြောင်လှောင်ပြက်ရယ်ခြင်းပြုသော သင်တို့အရင် ကျမ်းတော်ရရှိသူတို့ကိုသော်လည်းကောင်း၊ မိစ္ဆာဒိဌိတို့ကိုသော်လည်းကောင်း၊ မိတ်ဆွေအဖြစ်ဖြင့် မရွေးကြလင့်။ သင်တို့သည် ယုံကြည်သူအမှန်ပင်ဖြစ်ကြလျှင် အလ္လာဟ် အသျှင်မြတ်၏အမှုတော်ကို ကောင်းစွာထမ်းရွက်ကြလော့။ |
Ghazi Mohammad Hashim အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်ကြသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အလျင် ကျမ်းဂန်ရရှိသောသူတို့အနက်မှ အသင်တို့၏သာသနာကို ပြက်ရယ်ကျီစယ်ဖွယ်ရာ၊ ကစားဖွယ်ရာပြုလုပ်သော သူများအားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ မိတ်ဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်၊ ထို့ပြင် အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့မတိုင်မီ ကျမ်းဂန်ရရှိသောသူများထဲမှ အသင်တို့၏သာသနာကို ပြောင်လှောင်စရာနှင့် ကစားစရာအဖြစ် ပြုလုပ်ကြသောသူများနှင့် ကာဖိရ်ငြင်းပယ်သူများအား မိတ်ဆွေများ မပြုလုပ်ကြနှင့်။ (မိတ်ဆွေပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ စာ-၅၄၊ခြေ-၄ တွင်ရှင်းပြီးဖြစ်၏။) ထို့ပြင် အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ |