Quran with Burmese translation - Surah Al-Ma’idah ayat 60 - المَائدة - Page - Juz 6
﴿قُلۡ هَلۡ أُنَبِّئُكُم بِشَرّٖ مِّن ذَٰلِكَ مَثُوبَةً عِندَ ٱللَّهِۚ مَن لَّعَنَهُ ٱللَّهُ وَغَضِبَ عَلَيۡهِ وَجَعَلَ مِنۡهُمُ ٱلۡقِرَدَةَ وَٱلۡخَنَازِيرَ وَعَبَدَ ٱلطَّٰغُوتَۚ أُوْلَٰٓئِكَ شَرّٞ مَّكَانٗا وَأَضَلُّ عَن سَوَآءِ ٱلسَّبِيلِ ﴾
[المَائدة: 60]
﴿قل هل أنبئكم بشر من ذلك مثوبة عند الله من لعنه الله﴾ [المَائدة: 60]
Ba Sein ၆ဝ။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ပေးတော်မူဖို့ရာ သူတို့၏အမှုထက် ဆိုးဝါးသောအမှုကို သင်တို့အား အကျွနု်ပ်ပြောပြရမည်လော။ အလ္လာဟ်အသျှင်မြတ် ကျိန်ဆဲတော်မူခြင်းနှင့် အမျက်ရှ တော်မူခြင်းခံရသောသူ၏အမှုသည် ပိုမိုဆိုးဝါး၏။ အကြင်သူသည် သူ၏အမျိုးအစားထဲမှ အချို့ သူတို့ကို အသျှင်မြတ်က ဝက်များနှင့် မျောက်များဘဝသို့ ပြောင်းစေတော်မူ၏။ ဆင်းထုရုပ်ပွားများ ကို ခဝပ်ကိုးကွယ်၏။ ထိုသူတို့သည် ပိုမိုယုတ်ညံ့ဆိုးဝါးသူတို့ဖြစ်၏။ ဤလူများသည် အလွန်ကြီးမား ဆိုးယုတ်သောအခြေအနေသို့ ဆိုက်ရောက်ကြ၏။ တရားလမ်းကြောင်းမှ ဝေးစွာတိမ်းစောင်းသွား ကြ၏။ |
Ghazi Mohammad Hashim အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် နိဂုံးချုပ်ရလာဒ်အနေနှင့် ထိုထက်ဆိုးသည့်အကြောင်းကို အသင်တို့အား ပြောရမည်လော။ (ထိုအကြောင်းမှာ) အကြင်သူများ၏(အကြောင်း)ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား သနားကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် သူတို့အပေါ်၌ ဒေါသလည်း ဖြစ်တော်မူခဲ့သည်။ ထို့ပြင် သူတို့ထဲမှ အချို့ကို မျောက်များနှင့်ဝက်တိရစာ္ဆန်များလည်း ဖြစ်စေတော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ရှိုင်သွာန်ကိုလည်း ကိုးကွယ်ခဲ့ကြသည်။* သူတို့သည် နေရာအားဖြင့်လည်း အဆိုးရွားဆုံးသောသူများဖြစ်ကြသည်။ ထို့ပြင် လမ်းမှန်မှလည်း အလွဲမှားဆုံးသူများပင်ဖြစ်ကြသည်။ |