×

သူတို့သည် (အသင်တမန်တော်ထံသို့) လျှောက်လာကြစဉ် “ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြပါ၏။” ဟု ကြွေးကြော်လျက် လာကြသော်လည်း (အသင်တမန်တော်၏သွန်သင်မှုကို ကြားနာရန်) ဝင်ရောက်သည့်အခါတွင်မူ (သူတို့၏စိတ်နှလုံးထဲ၌ 5:61 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:61) ayat 61 in Burmese

5:61 Surah Al-Ma’idah ayat 61 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 61 - المَائدة - Page - Juz 6

﴿وَإِذَا جَآءُوكُمۡ قَالُوٓاْ ءَامَنَّا وَقَد دَّخَلُواْ بِٱلۡكُفۡرِ وَهُمۡ قَدۡ خَرَجُواْ بِهِۦۚ وَٱللَّهُ أَعۡلَمُ بِمَا كَانُواْ يَكۡتُمُونَ ﴾
[المَائدة: 61]

သူတို့သည် (အသင်တမန်တော်ထံသို့) လျှောက်လာကြစဉ် “ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြပါ၏။” ဟု ကြွေးကြော်လျက် လာကြသော်လည်း (အသင်တမန်တော်၏သွန်သင်မှုကို ကြားနာရန်) ဝင်ရောက်သည့်အခါတွင်မူ (သူတို့၏စိတ်နှလုံးထဲ၌ မူလရှိရင်းစွဲ) မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) ကိုသာ စွဲကိုင်လာကြပြီး (တမန်တော်မြတ်၏သွန်သင်မှုကို ဖြူစင်စွာ နာယူခဲ့ခြင်းမရှိသည့်အတွက်) ထိုမယုံကြည်မှုဖြင့်သာ ပြန်လည်ထွက်ခွာသွားလေကြသည်။ (သိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးထဲ၌ ထိန်ချန်ဖုံးကွယ်ထားသမျှနှင့်ပတ်သက်၍ အသေးစိတ်ကို အသိဆုံးပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وإذا جاءوكم قالوا آمنا وقد دخلوا بالكفر وهم قد خرجوا به والله, باللغة البورمية

﴿وإذا جاءوكم قالوا آمنا وقد دخلوا بالكفر وهم قد خرجوا به والله﴾ [المَائدة: 61]

Ba Sein
၆၁။ သူတို့သည် ယုံကြည်သူ သင့်ထံသို့လာကြသောအခါ သူတို့က အချင်းတို့ အကျွနု်ပ်တို့သည် ယုံကြည် ကြပါ၏ဟုဆိုကြ၏။ သို့သော် သူတို့သည် မိစ္ဆာအယူဝါဒနှင့်လာ၍ မိစ္ဆာအယူဝါဒနှင့်ပင် ပြန်သွား ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ လျှို့ဝှက်ထားသည်ကို အသိဆုံးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
၄င်းပြင် ထို (မုနာဖစ်က်) တို့သည် အသင်တို့ထံ လာကြလေသောအခါ “ကျွန်ုပ်တို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုယူဆောင်၍ ဝင်ရောက်လာကြပြီး ထို ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ ထိမ်ချန်လျှို့ဝှက်ထားရှိကြလေသော အရာများကို အသိဆုံးပင်ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် သူတို့သည် အသင်တို့ထံသို့ လာကြ‌သောအခါ “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါပြီ“ဟု ‌ပြောဆိုကြသည်။ အမှန်မှာ သူတို့သည် ကုဖ်ရ်ငြင်းပယ်မှုကို ယူပြီးဝင်လာခဲ့ကြသည်။ ၎င်းပြင် အမှန်ပင် သူတို့သည် ကုဖ်ရ်ငြင်းပယ်မှုကိုသာယူပြီး ပြန်ထွက်သွားကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်ထားသည်များကို အသိဆုံးပင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek