×

ဟောပြောလော့။ “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သင်တို့အပေါ်ချမှတ်ပေးအပ်ခြင်းခံရသမျှ၊ တောင်ရသ်ကျမ်းနှင့်အီးန်ဂျီလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်လျက် မရပ်တည်သရွေ့ကာလပတ်လုံး 5:68 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:68) ayat 68 in Burmese

5:68 Surah Al-Ma’idah ayat 68 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 68 - المَائدة - Page - Juz 6

﴿قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ لَسۡتُمۡ عَلَىٰ شَيۡءٍ حَتَّىٰ تُقِيمُواْ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ وَمَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡۗ وَلَيَزِيدَنَّ كَثِيرٗا مِّنۡهُم مَّآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ طُغۡيَٰنٗا وَكُفۡرٗاۖ فَلَا تَأۡسَ عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ﴾
[المَائدة: 68]

ဟောပြောလော့။ “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သင်တို့အပေါ်ချမှတ်ပေးအပ်ခြင်းခံရသမျှ၊ တောင်ရသ်ကျမ်းနှင့်အီးန်ဂျီလ်ကျမ်းတို့နှင့်အညီ ဘဝဆောက်တည်လျက် မရပ်တည်သရွေ့ကာလပတ်လုံး သင်တို့သည် (အရှင်မြတ်၏အမြင်တော်၌) မည်သည့်တရားဝင် အခြေအမြစ်ရှိသောအရာ တစ်စုံတစ် ခုအပေါ်၌မျှ ရပ်တည်ကြသူများ မဖြစ်နိုင်ပေ။ ထို့ပြင် သူတို့ထဲမှ အများစုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းတော်) နှင့်စပ်လျဉ်း၍ အာခံဖီဆန်မှုနှင့်မယုံကြည်ဖီဆန်ငြင်းပယ်မှုတို့ကိုသာ အမှန်ပင် ပိုမို၍ တိုးပွားစေ၏။ သို့ဖြစ်ပေရာ အသင်သည် မယုံကြည်သော (အမှန်တရားကို ဖီဆန်ငြင်းပယ်သော) လူမျိုးအပေါ် ဝမ်းနည်းပက်လက် မဖြစ်စေနှင့်။”

❮ Previous Next ❯

ترجمة: قل ياأهل الكتاب لستم على شيء حتى تقيموا التوراة والإنجيل وما أنـزل, باللغة البورمية

﴿قل ياأهل الكتاب لستم على شيء حتى تقيموا التوراة والإنجيل وما أنـزل﴾ [المَائدة: 68]

Ba Sein
၆၈။ အို-တမန်တော်၊ ဟောကြားလော့။ ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ သင်တို့သည် တောင်ရတ်ကျမ်း တော်၊ အင်ဂျီလ်ကျမ်းတော်နှင့် သင်တို့အား သင်တို့၏အသျှင်သခင် ချပေးသနားတော်မူသော ပညတ်တရားတော်များကို မလိုက်နာသည့်ကာလပတ်လုံး သင်တို့မှာ အဆုံးအမတရားတော် တစ်စုံတစ်ရာမျှမရှိပေ။ အို-မိုဟမ္မဒ် သင်၏ကျေးဇူးတော်သခင်က သင့်ထံသို့ ချပေးသနားတော်မူ သော တရားတော်သည် သူတို့အနက် အမြောက်အများသောသူတို့၏ ထောင်ထားခြားနားမှုနှင့် မိစ္ဆာအယူဝါဒကို အမှန်ပင် တိုးပွားစေ၏။ သို့သော် သင်သည် မိစ္ဆာမိုက်တို့အတွက်ကြောင့် စိတ်ညှိုးငယ်ပူဆွေးခြင်းမရှိလင့်။
Ghazi Mohammad Hashim
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်‘တောင်ရာတ်’ ကျမ်းကိုလည်းကောင်း၊ ‘အီန်ဂျီလ်’ ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ) အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသော (ကုရ်အာန်ကျမ်းမြတ်သည်) ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် ‌သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများအပြင် အသင်တို့ထံ အသင်တို့ကို ဖန်ဆင်း‌မွေးမြူ‌တော်အရှင်ထံ‌တော်မှ ကျ‌ရောက်လာ‌သောကျမ်းမြတ်(ကုရ်အာန်)ကိုလည်း အတည်ပြု လိုက်နာခြင်းမရှိသမျှ အသင်တို့သည် မည်သည့်လမ်းစဉ်(အမှန်)‌ပေါ်၌မှ တည်ရှိကြသည် မဟုတ်‌ပေ။*ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်အရှင်မြတ်ထံ‌တော်မှ အသင်၏ထံသို့ ကျ‌ရောက်လာ‌သောအရာ(ကုရ်အာန်ကျမ်း)သည် သူတို့ထဲမှ များစွာ‌သောသူများအား ကျူးလွန်မှုနှင့်ငြင်းပယ်မှုကို အမှန်ပင် တိုးပွားများပြား‌စေမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် ကာဖိရ်ငြင်းပယ်သူများနှင့်ပတ်သက်၍ ပူပင်‌သောက မထားပါနှင့်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek