Quran with Burmese translation - Surah Al-Ma’idah ayat 74 - المَائدة - Page - Juz 6
﴿أَفَلَا يَتُوبُونَ إِلَى ٱللَّهِ وَيَسۡتَغۡفِرُونَهُۥۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[المَائدة: 74]
﴿أفلا يتوبون إلى الله ويستغفرونه والله غفور رحيم﴾ [المَائدة: 74]
Ba Sein ၇၄။ သူတို့သည် အလ္လာဟ်အသျှင်မြတ်ဘက်တော်သို့မျက်နှာမူ၍ အသျှင်မြတ်အထံတော်မှ အပြစ်လွတ် ခြင်း ကျေးဇူးတော်ကို ရှာကြမည်မဟုတ်လော။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးတော်မူ၏။ |
Ghazi Mohammad Hashim ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ |
Hashim Tin Myint ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဝန်ချတောင်းပန်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံမှုကို မပြုလုပ်ကြလေသလော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |