×

မရ်ယမ်၏သား မစီးဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ သူ့အလျှင်လည်း ရစူလ်တမန် တော်များ (စေလွှတ်ခြင်းခံရပြီး) ကွယ်လွန်သွားခဲ့ကြပြီး သူ့မိခင်မှာ ဖြောင့်မတ်မှန်ကန်သော သမာဓိရှင်တစ်ဦး 5:75 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:75) ayat 75 in Burmese

5:75 Surah Al-Ma’idah ayat 75 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 75 - المَائدة - Page - Juz 6

﴿مَّا ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَ إِلَّا رَسُولٞ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُ وَأُمُّهُۥ صِدِّيقَةٞۖ كَانَا يَأۡكُلَانِ ٱلطَّعَامَۗ ٱنظُرۡ كَيۡفَ نُبَيِّنُ لَهُمُ ٱلۡأٓيَٰتِ ثُمَّ ٱنظُرۡ أَنَّىٰ يُؤۡفَكُونَ ﴾
[المَائدة: 75]

မရ်ယမ်၏သား မစီးဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ သူ့အလျှင်လည်း ရစူလ်တမန် တော်များ (စေလွှတ်ခြင်းခံရပြီး) ကွယ်လွန်သွားခဲ့ကြပြီး သူ့မိခင်မှာ ဖြောင့်မတ်မှန်ကန်သော သမာဓိရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ (လူ့သဘောသဘာဝအရ) အစားအသောက်များကို စားသောက်ခဲ့ကြသည်။ (သို့ဖြစ်၍ သူတို့တွင် အရှင်မြတ်က ချီးမြှင့်တော်မူသော လူ့သဘာဝသာရှိပြီး ယေရှုခရစ်သည် ကိုးကွယ်ထိုက်သူ မဖြစ်နိုင်ပေ။ ဤသည် ယေရှုခရစ်အား ဘုရားသားတော်ဟု ကြွေးကြော်နေသော ခရစ်ယာန်ဖြစ်) သူတို့အတွက် အရှင့်သက်သေလက္ခဏာတော်များ ဖြစ်သည်။ ကွက်ကွက်ကွင်းကွင်း မြင်သာထင် ရှားအောင် ငါအရှင်မြတ်က မည်သို့ ရှင်းလင်းတင်ပြနေကြောင်း ဖြစ်သောကြောင့် (ထိုအချက်များကို) တွေးတောဆင်ခြင်လေ့လာ သုံးသပ်ကြလော့။ (ယေရှုခရစ်ကို သားတော်ဟု ကြွေးကြော်နေကြ) သူတို့သည် (အမှန်တရားကို) မည်သို့ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားနေကြသည်ကို ထပ်မံ၍ တွေးတောဆင်ခြင် လေ့လာသုံးသပ်ကြလော့။

❮ Previous Next ❯

ترجمة: ما المسيح ابن مريم إلا رسول قد خلت من قبله الرسل وأمه, باللغة البورمية

﴿ما المسيح ابن مريم إلا رسول قد خلت من قبله الرسل وأمه﴾ [المَائدة: 75]

Ba Sein
၇၅။ မရယမ်၏သား မေရှိရာသည် တမန်တော်တစ်ပါးမှတစ်ပါး အခြားတစ်စုံတစ်ရာ မဖြစ်ပေ။ သူမပွင့်မီ သူကဲ့သို့သောတမန်တော်များ အနိစ္စရောက်ကြလေပြီ။ သူ၏မယ်တော်သည် သန့်ရှင်းဖြူစင်သော မိန်းမမြတ်တစ်ပါးဖြစ်၏။ သားအမိနှစ်ဦးစလုံးပင် လောကီအစာအဟာရကို မည်သို့ရှင်းလင်းစေ တော်မူသည်ကို ကြည့်ကြလော့။ သူတို့သည် တရားတော်ကို မည်သို့ ကျောပေးသွားကြသည်ကို ကြည့်ရှုကြလော့။
Ghazi Mohammad Hashim
မရ်ယမ်၏သားတော် မစီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထိုမစီဟ် (အီစာ) ၏မယ်တော် (မရ်ယမ်) သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို (သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် ထို (ခရစ်ယာန်) တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက်တစ်ဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့်သွားကြသည်ကိုလည်း အသင်ရှုပါလေ။
Hashim Tin Myint
မရ်ယမ်၏သား‌တော်မစီဟ်သည် တမန်‌တော်တစ်ပါးသာဖြစ်သည်။* ထိုမရ်ယမ်၏သား‌တော်မစီဟ်(အီစာ)၏ မတိုင်မီ၌လည်း တမန်‌တော်များ အမှန်ပင် ပွင့်‌ပေါ်ခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် ထိုမစီဟ်(အီစာ)၏မိခင်(မရ်ယမ်)သည် အလွန်မှန်ကန်‌သော အမျိုးသမီးတစ်ဦးဖြစ်သည်။*၎င်းတို့(သားအမိ)နှစ်ဦးစလုံးသည် အစားအစာ စားသုံးခဲ့ကြသည်။* ငါအရှင်မြတ်သည် သူတို့(နတ်စ်ွရာနီ)များ၏‌ရှေ့၌ သက်‌သေအ‌ထောက်အထားများကို မည်သို့ ရှင်းလင်းပြသ သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ၎င်းပြင် ထပ်မံ၍ သူတို့သည် (အမှန်တရားကို စွန့်ကာ) အဘယ်သို့ လှည့်သွားကြသနည်းဆိုသည်ကိုလည်း အသင်(တမန်‌တော်)ကြည့်လိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek