×

(အမှန်တရားကို ဖီဆန်ငြင်းပယ်သူများနှင့်) မယုံကြည်များသည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်အား သုံးပါးတစ်ဆူ (ဝါဒဖြစ်သော ဖခမည်းတော်၊ သားတော်နှင့်ဝိညာဉ်တော်တို့ပေါင်းစည်းမှု) ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြ၏။ 5:73 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:73) ayat 73 in Burmese

5:73 Surah Al-Ma’idah ayat 73 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 73 - المَائدة - Page - Juz 6

﴿لَّقَدۡ كَفَرَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ ثَالِثُ ثَلَٰثَةٖۘ وَمَا مِنۡ إِلَٰهٍ إِلَّآ إِلَٰهٞ وَٰحِدٞۚ وَإِن لَّمۡ يَنتَهُواْ عَمَّا يَقُولُونَ لَيَمَسَّنَّ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابٌ أَلِيمٌ ﴾
[المَائدة: 73]

(အမှန်တရားကို ဖီဆန်ငြင်းပယ်သူများနှင့်) မယုံကြည်များသည် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်အား သုံးပါးတစ်ဆူ (ဝါဒဖြစ်သော ဖခမည်းတော်၊ သားတော်နှင့်ဝိညာဉ်တော်တို့ပေါင်းစည်းမှု) ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြ၏။ ယင်းသည် ထင်ရှားသော အယူမှားမှုသာ ဖြစ်၏။) အမှန်မှာ၊ အရှင်မြတ်သည် တစ်ပါးတည်းသာ ဖြစ်တော်မူပြီး အရှင့်တွဲဖက်ပြိုင်ဘက်ဟူ၍ အလျဉ်း မရှိဘဲ အနှိုင်းမဲ့တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ အကယ်၍ သူတို့သည် (အရှင့်ကို စော်ကားရာရောက်သည့် ထိုယုတ္တိမဲ့) အပြောအဆိုများကို ပြောဆိုနေခြင်းအား မရပ်တန့်ကြလျှင် သူတို့အနက်မှ ထိုသို့သော မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ကို မုချပင် အရေးယူတော်မူပြီး ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များဖြင့် တွေ့ကြုံခံ စားစေတော်မူမည်။

❮ Previous Next ❯

ترجمة: لقد كفر الذين قالوا إن الله ثالث ثلاثة وما من إله إلا, باللغة البورمية

﴿لقد كفر الذين قالوا إن الله ثالث ثلاثة وما من إله إلا﴾ [المَائدة: 73]

Ba Sein
၇၃။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်သည် ဘုရားသုံးပါးအနက် တတိယဘုရားဖြစ်၏ဟု ဆိုကြ၏။ ထိုသူတို့သည် အမှန်ပင် မယုံကြည်ကြပေ။ တစ်ဆူတည်းသော အလ္လာဟ်အသျှင်မြတ်မှ တစ်ပါး အခြားအသျှင်သခင်မရှိပေ။ သူတို့သည် ယင်းအပြောအဆိုကို မရပ်တန့်လျှင် သူတို့အနက် မိစ္ဆာမိုက်တို့သည် အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသော အပြစ်ဒဏ်ကြီးကို ခံစားကြရလိမ့်မည်။
Ghazi Mohammad Hashim
ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ (ဘုရား) ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ်အရှင်) မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား) ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။
Hashim Tin Myint
“အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အရှင်)သုံးပါးထဲမှ တစ်ပါးဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြ‌သောသူများသည်လည်း အမှန်စင်စစ် ကာဖိရ်များပင် ဖြစ်သွားခဲ့ကြသည်။ ၎င်းပြင်(အမှန်မှာ)တစ်ပါးတည်း‌သော ကိုးကွယ်ထိုက်သည့်(အလ္လာဟ်)အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် လုံးဝ မရှိ‌ပေ။ အကယ်၍ သူတို့သည် သူတို့၏‌ပြောဆိုမှုများကို မရပ်စဲကြလျှင် သူတို့ထဲမှ (ဆက်ပြီး)ငြင်း‌နေကြ‌သောသူများ‌ပေါ် အလွန်နာကျင်‌စေ‌သောအပြစ်ဒဏ် အမှန်ပင် ဆိုက်‌ရောက်လာမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek