Quran with Burmese translation - Surah Al-Ma’idah ayat 76 - المَائدة - Page - Juz 6
﴿قُلۡ أَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَكُمۡ ضَرّٗا وَلَا نَفۡعٗاۚ وَٱللَّهُ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[المَائدة: 76]
﴿قل أتعبدون من دون الله ما لا يملك لكم ضرا ولا نفعا﴾ [المَائدة: 76]
Ba Sein ၇၆။ အို-တမန်တော် ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အစား သင်တို့ကို အကျိုးဆုတ်ယုတ်ခြင်းကိုသော်လည်းကောင်း၊ အကျိုးဖြစ်ထွန်းခြင်းကိုသော်လည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ခဝပ်ကိုးကွယ်ကြသလော။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအသျှင်၊ အကြွင်းမဲ့သိတော်မူသောအသျှင်တည်း။ |
Ghazi Mohammad Hashim (အို- နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ “(ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်ကြသောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။” |
Hashim Tin Myint (အို- တမန်တော်)အသင်သည် (နတ်စွ်ရာနီများအား)ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အား အကျိုးယုတ်စေခြင်းနှင့် အကျိုးဖြစ်ထွန်းစေခြင်းကို ပြုနိုင်စွမ်းမရှိသောအရာများအား ကိုးကွယ်နေကြသလော။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |