Quran with Burmese translation - Surah Al-Ma’idah ayat 8 - المَائدة - Page - Juz 6
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ لِلَّهِ شُهَدَآءَ بِٱلۡقِسۡطِۖ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ عَلَىٰٓ أَلَّا تَعۡدِلُواْۚ ٱعۡدِلُواْ هُوَ أَقۡرَبُ لِلتَّقۡوَىٰۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ ﴾
[المَائدة: 8]
﴿ياأيها الذين آمنوا كونوا قوامين لله شهداء بالقسط ولا يجرمنكم شنآن قوم﴾ [المَائدة: 8]
Ba Sein ၈။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အတွက် မှန်ကန်ဖြောင့်မတ် တည်ကြည်သောသက်သေများ ဖြစ်ကြလော့။ သင်တို့၏မုန်းတီးမှုက သင်တို့အား သူတစ်ပါးကို မတရားပြုဖို့ရာ သွေးဆောင်မှုကို မပြုမိစေလင့်။ တရားသဖြင့်ပြုကြလော့။ ယင်းပြုကျင့်မှုသည် ကောင်းသောအကျင့်သီလနှင့် ပိုမိုနီးကပ်၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုသမျှကို အကြွင်းမဲ့ သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သက်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အတွက် ဖြောင့်မတ်သူများ၊ တရားမျှတစွာ သက်သေခံသူများဖြစ်ကြပါ။* ထို့ပြင် လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုမရှိအောင် လုံးဝ မလှုံ့ဆော်စေနှင့်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ |