×

သင်တို့က “(အရှင်မြတ်မိန့်တော်မူသမျှကို) ကျွန်ုပ်ကြားနာပါ၏။ ကျွန်ုပ်တို့ နာခံလိုက်ပါ၏။” ဟု ပြောခဲ့ကြစဉ် သင်တို့၏အဆိုပါ ပဋိညာဉ်ကတိဝန်ခံချက်ကို အတည်ပြုပြီး အရှင့်ကတိတော်နှင့်အညီ သင်တို့အပေါ် 5:7 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:7) ayat 7 in Burmese

5:7 Surah Al-Ma’idah ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 7 - المَائدة - Page - Juz 6

﴿وَٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ وَمِيثَٰقَهُ ٱلَّذِي وَاثَقَكُم بِهِۦٓ إِذۡ قُلۡتُمۡ سَمِعۡنَا وَأَطَعۡنَاۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[المَائدة: 7]

သင်တို့က “(အရှင်မြတ်မိန့်တော်မူသမျှကို) ကျွန်ုပ်ကြားနာပါ၏။ ကျွန်ုပ်တို့ နာခံလိုက်ပါ၏။” ဟု ပြောခဲ့ကြစဉ် သင်တို့၏အဆိုပါ ပဋိညာဉ်ကတိဝန်ခံချက်ကို အတည်ပြုပြီး အရှင့်ကတိတော်နှင့်အညီ သင်တို့အပေါ် အခွင့်အရေးပေးတော်မူလျက် အလ္လာဟ်အရှင်မြတ်က ဂုဏ်ပေးတော်မူခြင်းကို သတိရ တသ၍ ဖွင့်ဟကြလော့။ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသား၏) ရင်တွင်း (၌ တည့်သွင်းလျက်) ပိုင်ဆိုင်ထားသမျှကို ကုန်စင်အောင် အကြွင်းမဲ့ သိနေတော်မူ၏။

❮ Previous Next ❯

ترجمة: واذكروا نعمة الله عليكم وميثاقه الذي واثقكم به إذ قلتم سمعنا وأطعنا, باللغة البورمية

﴿واذكروا نعمة الله عليكم وميثاقه الذي واثقكم به إذ قلتم سمعنا وأطعنا﴾ [المَائدة: 7]

Ba Sein
၇။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြလော့။ သင်တို့သည် အကျွနု်ပ်တို့သည် ကြားကြပါ၏။ နာယူလိုက်နာကြပါ၏ဟု တင်လျှောက်သောအခါ သင်တို့သည် အသျှင်မြတ်နှင့် ယုံကြည်မှုပဋိညာဉ်စာချုပ် ချုပ်ဆိုလေပြီ။ ထိုစာချုပ်ကို စောင့်ထိန်းကြလော့။ အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကောင်းစွာထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အကြွင်းမဲ့သိမြင်တော် မူ၏။
Ghazi Mohammad Hashim
တစ်ဖန် အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်ကပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ အသင်တို့က “ကျွန်တော်မျိုးတို့သည် (အမိန့်တော်များကို) နာခံကြပါပြီ။ ထို့ပြင် ကျွန်တော်မျိုးတို့သည် (ယင်းအမိန့်တော်များအတိုင်း) လိုက်နာကြပါပြီ” ဟု ပြောဆိုကြသောအချိန်တွင် ထိုအရှင်မြတ်သည် အသင်တို့နှင့် မြဲမြံခိုင်ခံ့စွာဖွဲ့တော်မူသော ထိုအရှင်မြတ်၏ ပဋိညာဉ်တော် ကိုလည်းကောင်း၊ ပြန်လည်အောက်မေ့သတိရကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (အမြဲတစေ) ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူတို့၏) စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်က ပြုထား‌သော‌ကျေးဇူး‌တော်များကို သတိရကြပါ။ ၎င်းပြင် အသင်တို့က “ကျွန်ုပ်တို့သည် ကြားနာ၍ လိုက်နာကြပါပြီ“ဟု ‌ပြောဆိုစဉ်က အရှင်မြတ်သည် အသင်တို့နှင့် ခိုင်မာစွာပြုလုပ်ခဲ့‌သော ကတိသစ္စာကိုလည်း သတိရကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးထဲ၌ရှိသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek